[ 19 ]

3.6K 179 4
                                        

>> Unicode <<
~~~~~~~~~~~~

" အခု မင်းအစီစဥ်ကဘာလဲ "

ဦးနေသန်မေးတော့ ဩဂတ်စ်က..

" တိုင်းမြတ်အနောက်ကိုလိုက်ကြည့်ဖို့ လူလွှတ်ထားတယ်၊ ကောင်လေးကို ဘယ်နေရာမှာထားလဲဆိုတာသိရမယ်လို့ထင်တာပဲ၊ ပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆက်ကြည့်.. "

" မင်းဒီလိုအေးအေးဆေးဆေးလုပ်နေလို့မရဘူး ဩဂတ်စ် ! "

ဖခင်ဖြစ်သူရဲ့ဒေါသတကြီးအော်သံကြောင့် ဩဂတ်စ်ဧဿန်လည်း ငြိမ်သွားသည်။ လှေကားခြေရင်းနားရောက်လာတဲ့ လင်းရိပ်လည်း ခြေလှမ်းတွေရပ်သွား၏။

" မင်းညီကိုကာပေးချင်တိုင်း ဒီလိုလွှတ်ထားလို့မရဘူးကွ ! တစ်ဖက်သားကိုလည်းပြန်ကြည့်ရမယ်၊ ဟိုလူတွေက မနေနိုင်တော့လို့ တစ်ခုခုထလုပ်မှ ပိုခက်ကုန်မှာ မင်းနားလည်လား ! "

" ဒါဆို ကျွန်တော်ဘာလုပ်ရမှာလဲဒယ်ဒီ၊ ဒယ်ဒီပြောသလို အမွေဖြတ်ပြီး ဖြစ်ချင်ရာဖြစ်လွှတ်ပေးလိုက်ရမှာလား ! မဖြစ်နိုင်ဘူးလေ "

ဒီမနက်ကပဲ တိုင်းမြတ်ခေါ်ထားတဲ့ကောင်လေးရဲ့အမေနှင့်အဒေါ်ဖြစ်သူတို့ အိမ်ကိုထပ်ရောက်လာကြ၏။ ထို့ကြောင့်ပဲ ဩဂတ်စ်နှင့် ဦးနေသန်တို့စကားများကြပြန်တာဖြစ်မည်။ ဦးနေသန်ကလည်း သိပ်ဖိအားပေးသလို အငယ်ကောင်ကလည်း အစ်ကိုဖြစ်သူကိုပြန်ငဲ့မကြည့်။ ဩဂတ်စ်ခင်မျာမှာလည်း သူ့ပြဿနာမဟုတ်ပါဘဲ အားလုံးကိုခေါင်းခံနေရ၍ မြင်နေရတဲ့လင်းရိပ်တောင် စိတ်မချမ်းသာပေ။

" ဘာမှထပ်မပြောနဲ့တော့ ဩဂတ်စ် ! ဒီည မင်းညီကိုပြန်လာဖို့ပြောလိုက်၊ ငါသူနဲ့စကားပြောမယ်၊ မင်းမရှင်းနိုင်ရင်လည်း ဖယ်နေလိုက်တော့ "

" ဒယ်ဒီ ကျွန်တော်... "

" မင်းတိတ်တိတ်နေလိုက်တော့ ! "

ပြောပြီးနောက် ဦးနေသန်မဟာ ကားသော့နှင့် wallet ဆွဲယူကာ အိမ်ကထွက်သွားသည်။ ထိုအချိန်မှ လှေကားရင်းနားရပ်နေတဲ့လင်းရိပ်ကို ဩဂတ်စ်လည်းမြင်သွား၏။ လင်းရိပ် သူ့အနားကိုလျှောက်သွားတုန်းမှာ ဩဂတ်စ်ရဲ့ဖုန်းကမြည်လာလေသည်။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now