[ 20 ]

4K 196 6
                                        

>> Unicode <<
~~~~~~~~~~~~

" တိုင်းမြတ်ဝဿန် ! "

အိမ်ထဲသို့ဒုံးစိုင်းဝင်လာတဲ့ ဩဂတ်စ် ။ တိတ်ဆိတ်နေသည့်အိမ်ထဲ အသံကလည်း ဟိန်းနေလျက်။ အပေါ်ထပ်မှဆင်းလာသည့်တိုင်းမြတ်ကလည်း ပြုံးကာကြည့်နေ၏။ ထိုအချိန်မှာ ဧည့်ခန်းထဲကလူကြီးတွေကိုလည်း ဩဂတ်စ်မမြင်နိုင်။ တိုင်းမြတ်ဝဿန်ဆီသွားကာ ကော်လံစကိုဖမ်းဆောင့်ဆွဲလိုက်ပြီး..

" မင်းဘာအချိုးချိုးတာလဲ ! "

" ကိုကို စိတ်လျှော့ပါဦး၊ ဘာဖြစ်လာရတာလဲ "

" အရူးကွက်မနင်းနဲ့ တိုင်းမြတ် ! သံသာလင်းရိပ်ကို မင်းဘာလုပ်တာလဲ ပြော ! "

ဩဂတ်စ်ကဒေါသတကြီး‌ဖြစ်နေလည်း တိုင်းမြတ်ကတော့ အပြုံးမပြတ်။ ဧည့်ခန်းထဲက ဒယ်ဒီက..

" ဩဂတ်စ် ငါတို့စကားပြောဖို့စောင့်နေတာ၊ လက်မပါနဲ့ ! ဒီမှာလာထိုင် "

တိုင်းမြတ်ကပြုံးလျက် သူ့အင်္ကျီကော်လံကိုဆွဲထားတဲ့ ဩဂတ်စ်ရဲ့လက်ကို အသာလေးပဲဖယ်ချ၏။ ဩဂတ်စ်လွှတ်မပေးဘဲ ပြန်ဆောင့်ဆွဲလိုက်ပြီး တိုင်းမြတ်ရဲ့မျက်လုံးများကို စူးရဲစွာစိုက်ကြည့်ရင်း..

" တောက်လျှောက်အလျှော့ပေးလာတာ ငါ့ညီဖြစ်နေလို့ဆိုတဲ့အချက်နဲ့ပဲ တိုင်းမြတ် ၊ ငါတကယ်စိတ်ပျက်သွားရင် ဘာလုပ်နိုင်လဲဆိုတာ မင်းမသိဘူး "

" အင်း... ဘာလုပ်နိုင်လဲ၊ ကျွန်တော်ကတော့ ကိုကို့ကိုဘာမှမလုပ်ချင်ပါဘူးဗျာ၊ အဲ့ဒါကြောင့် ဒီတိုင်းလေးအေးဆေးနေဖို့ ကျွန်တော်ပြောခဲ့တယ်မလား "

နှစ်ယောက်တည်းကြားလောက်မည့်လေသံတိုးလေးနဲ့ပြောရင်း တိုင်းမြတ်က အရူးတစ်ယောက်လိုပြုံးနေခဲ့၏။ တိုင်းမြတ်နှင့် ဒီလိုအခြေနေဖြစ်နေတာကိုက ပိုပြီးဒေါသထွက်စေပြီး လှေကားခြေရင်းမှကြွေပန်းအိုးကို ပစ်ကန်လိုက်မိတော့ ခွမ်းခနဲကွဲကာ ကြမ်းပြင်ပေါ်တစ်စစီ။

" ဩဂတ်စ်ဧဿန် ! "

ဦးနေသန်ရဲ့အော်သံအဆုံးမှ တိခနဲငြိမ်ကျသွားတဲ့ပတ်ဝန်းကျင်။ ဒေါ်ဇီဇဝါကလည်း..

" ကိုယ့်အဖေကပြောနေရင် မင်းတို့ငြိမ်လိုက်ကြတော့လေ "

ဩဂတ်စ်အသံလာကိုလှည့်ကြည့်ကာ လူကြီးတွေအနားကိုလျှောက်လာ၏။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now