[ 33 ]

4.1K 177 10
                                        

>> Unicode <<
~~~~~~~~~~~~

သံသာလင်းရိပ်အိပ်ပျော်နေရာက ဆတ်ခနဲနိုးလာသည်။ တစ်ကိုယ်လုံးကို လှုပ်မရအောင်သိမ်းကျုံးဖက်ထားတဲ့ဖက်တွေထဲက ရုန်းထွက်နေပေမဲ့ မရ။ ဖက်ထားတဲ့လက်တွေက ပိုတောင်တင်းကြပ်လာရင်း..

" ငြိမ်ငြိမ်နေလေ "

" နိုးနေရင်လည်း လွှတ်ဦး၊ ဘာလို့အဲ့လောက်ဖက်ထားတာလဲ "

ပြောမှ နည်းနည်းပြေလျော့သွားပြီး လင်းရိပ် လှုပ်လို့ရသည်။ ဩဂတ်စ်နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လာရင်း ကြည့်မိမှ ဩဂတ်စ်ဧဿန်ဟာ အဝတ်စားတွေလည်းမလဲရ‌သေး။

" မင်းသောက်လာပြန်ပြီလား ဩဂတ်စ် "

" မသောက်ဘူး၊ အနံ့ရနေလို့လား "

ရေမွှေးနံ့သင်းသင်းကလွဲပြီး အခြားဘာအနံ့မှတော့မရ။ ဩဂတ်စ်က မျက်လုံးတွေမှိတ်ထား၏။ ဖုန်းနံပါတ်ကိစ္စနှင့် စကားများမလိုဖြစ်ပြီးတည်းက လင်းရိပ် သူ့ကိုစကားသေချာမပြောဖြစ်။ အကြောတင်းတဲ့သကောင့်သားလေးကလည်း စိတ်ဆိုးမှန်းသိတာတောင် ဘာမှကိုထုတ်မပြောဘဲ ပေကပ်နေပါရော။

" မင်းနော်.. ညဘက်တွေလည်းနောက်ကျ၊ မင်းပင်ပန်းတာသိလို့ ငါဘာမှမပြောတာ၊ ငါ့ကိုဆိုရင် ဘာမှလည်းမပြောပြနိုင်၊ ငါကတော့ တစ်ခုခုဆို မင်းကိုတိုင်ပင်ဖို့ပဲ အရင်သတိရတာ "

ပါးစပ်ကတတွတ်တွတ်ပြောရင်း လင်းရိပ်ထထိုင်ကာ ဩဂတ်စ်ရဲ့ရှပ်အင်္ကျီကြယ်သီးတွေကိုဖြုတ်ပေးနေ၏။ နက္ခတိုင်ကိုပါလျှော့ပေးပြီး လက်က သားရေခါးပတ်ဆီရောက်သွားသည်။

" ကလေးသာရှိလာလို့ ငါမင်းကိုသာဂရုမစိုက်ဖြစ်ရင်တော့ ငါ့ကွယ်ရာမှာ ဘာတွေများဖြစ်နေမလဲမသိဘူး "

ဩဂတ်စ်ရဲ့မျက်လုံးတွေပွင့်လာသည်။ ပွစိပွစိပြောနေသူကို သေချာကြည့်နေလေ၏။ လင်းရိပ်ရဲ့အာရုံက ဖြုတ်ရခက်နေတဲ့ခါးပတ်ခေါင်းဆီမှာ။ ထိုအခါမှ ဩဂတ်စ်က သူ့လက်တွေကိုအုပ်ကိုင်ပြီး ထထိုင်လာရင်း..

" မင်းကွယ်ရာမှာလည်း ဘာမှလုပ်မနေဘူးလို့ ငါပြောပြီးပြီပဲ "

" ဒါ‌ပေမဲ့ မင်းကငါနဲ့ဆိုရင် လျှို့ဝှက်ချက်တွေထားလွန်းတယ် "

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now