>> Unicode <<
~~~~~~~~~~~~
" ကွာရှင်းရမယ် ? "
သံယောင်လိုက်ပြီး မယုံနိုင်သလိုမေးလိုက်တဲ့ လင်းရိပ်ကို ဩဂတ်စ်ကလည်း ခေါင်းညိတ်ပြသည်။
" ဟုတ်တယ် အဲ့ဒါကိုလက်ခံခဲ့လို့ အဘွားကအကုန်လုပ်ပေးနေတာ၊ ငါတစ်ယောက်တည်းဆို မပြီးလောက်ဘူး "
သံသာလင်းရိပ် ငြိမ်သွားသည်။ ဩဂတ်စ်နှင့်ကွာရှင်းဖို့ဆိုတာ သူတွေးတောင်မတွေးမိတော့တဲ့ကိစ္စ။ ဩဂတ်စ်က သူ့ကိုသာရပ်ကြည့်နေရင်း..
" ဘယ်လိုသဘောရလဲ "
လင်းရိပ်ငြိမ်သက်နေရင်း ဩဂတ်စ်ကိုပြန်မော့ကြည့်၏။
" မင်းရော... ဘယ်လိုလုပ်ချင်လဲ "
" မင်းကိုမေးတာလေ၊ ဘာလို့ငါ့ကိုပြန်မေးနေတာလဲ "
လင်းရိပ် ငြိမ်သွားသည်။ တကယ်ကို ဩဂတ်စ်နှင့်ကွာရှင်းဖို့ သူမတွေးဖြစ်တော့တာကြာပြီ။ သို့ပေမဲ့ ဒီအိမ်ထောင်ရေးကို ဩဂတ်စ်ဘယ်လိုသတ်မှတ်ထားသလဲဆိုတာလည်း သိဖို့လိုတယ်မဟုတ်လား။ ဒါကြောင့် လက်ပိုက်ပြီးရပ်နေတဲ့ ဩဂတ်စ်ကို စေ့စေ့ပြန်ကြည့်ပြီး..
" မင်းကွာရှင်းချင်လား၊ မင်းအဖြေကိုလည်း ငါသိချင်တယ် "
ဒီတစ်ခါမှာ ငြိမ်သက်သွားသူက ဩဂတ်စ် ။ ဖြေရမှာကိုပဲရှက်နေသလားဟုတွေးမိတော့ ပြုံးမိသေး၏။ လွမ်းနေကြောင်းကိုတောင် ကိုယ့်ဘက်ကစပြောခဲ့ရတာမဟုတ်လား။ ဩဂတ်စ်ရဲ့အဘွားဖြစ်သူအကြောင်း ခေါင်းထဲဝင်လာပြန်တော့ လင်းရိပ်ရဲ့အပြုံးလေးတွေမှိန်သွား၏။
" ကွာမယ် မကွာဘူးဆိုတာ ငါတို့ရွေးချယ်လို့တောင်ရရဲ့လား၊ မင်းအဘွားနဲ့အပေးအယူလုပ်ထားခဲ့တာကို ငါတို့ကငြင်းရင် ဘယ်လိုဖြစ်သွားမလဲ ဩဂတ်စ် "
ဩဂတ်စ်ကကျောခိုင်းကာ ဗီရိုမှန်ရှေ့ကိုရောက်သွား၏။ ဝတ်ထားသည့်ကုတ်ကို သေသေသပ်သပ်ပြင်နေရင်းပဲ လင်းရိပ်အား ထပ်ပြောလာသည်မှာ..
" မင်းဆီက ငါလိုချင်တာအဖြေတစ်ခုတည်းပဲ၊ ကျန်တာဘာဆက်လုပ်ရမလဲဆိုတာက ငါစဉ်းစားမယ် "
ထိုစကားအဆုံးမှာ လင်းရိပ် ထရပ်လိုက်ရင်း..
" မကွာချင်ဘူး ဩဂတ်စ် "
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)