[ ᴡᴀʀɴɪɴɢ : adult scene များပါဝင်တာကြောင့် ဖတ်လေ့မရှိသူများ ကျော်သွားနိုင်ပါတယ်။ ဖတ်ပြီးတဲ့အခါမှာ ss ရိုက်ယူပြီး မည်သည့် social media မှာမှ လုံးဝ ( လုံးဝ ) ပြန်မတင်ပါနဲ့။ ]
>> Unicode <<
~~~~~~~~~~~~
ငွေရောင်လက်ထိပ်များကိုဖြုတ်လိုက်တာနှင့် ခြေလှမ်းတွေက သူရှိရာဆီတည့်တည့်မတ်မတ်ဦးတည်လာတဲ့ သံသာလင်းရိပ် ။ ဩဂတ်စ်လည်း နေရာမှထကာ ဆီးကြိုလိုက်သည်။ အချုပ်နှောင်ခံရတဲ့ဘဝမှ လွတ်မြောက်လာသူရဲ့အပြုံးတွေဟာ ဩဂတ်စ်ထံသို့လည်း ကူးစက်လို့လာသည်။
" ဩဂတ်စ်.. "
" အိမ်ပြန်ရအောင် "
" အင်း ပြန်မယ် "
ရှေ့နေနှင့် အရာရှိတချို့ကိုနှုတ်ဆက်ပြီး လင်းရိပ်ကိုခေါ်ကာ တရားရုံထဲမှထွက်လာခဲ့သည်။ ဘာမှမဟုတ်တဲ့အမှုလေးတစ်ခုမှာ အချုပ်သားဘဝဖြင့် တစ်လနှင့်တစ်ပတ်တိတိနေခဲ့ရတဲ့ သံသာလင်းရိပ် ။ ဩဂတ်စ်မှာလည်း အပြင်မှာသာနေရတာ။ ရှင်းရတဲ့အရှုပ်ထွေးက နည်းတာမဟုတ်မှန်း လင်းရိပ်လည်းအသိဆုံးမို့ ထွက်လာတာနှင့် ဘာကိုမှမမေးသေး။
" မင်းဒဏ်ရာက ဘယ်လိုနေသေးလဲ "
" သက်သာတယ် "
" ဟုတ်လို့လား၊ အနာကျက်သွားပြီလား "
မေးရင်း အင်္ကျီကို လာလှန်တာကြောင့် ထိုလက်ကို ဩဂတ်စ်ဆွဲဖယ်ပြီး..
" ကျက်သွားပါပြီဆို၊ အိမ်ရောက်တာနဲ့ မင်းသန့်ရှင်းရေးအရင်လုပ်ရမယ်၊ အနံ့သက်တွေက မူးတောင်လဲတော့မယ် "
ထိုအခါမှ လင်းရိပ် မှုန်ကုပ်သွားကာ ကိုယ့်အင်္ကျီကိုပြန်ငုံ့နမ်းနေ၏။ ဒါကိုကြည့်နေတဲ့ ဩဂတ်စ် ပြုံးစစနှင့်မျက်နှာလွှဲသွားသည်။ ကားမောင်းရင်း နောက်ကြည့်မှန်မှတဆင့်လှမ်းကြည့်တဲ့ ဒယ်ဒီ့ရဲ့အကြည့်စူးစူးတွေနှင့်ဆုံမှ ဩဂတ်စ်တစ်ယောက် မျက်နှာပိုးသတ်ရ၏။ မပြောမဆိုနှင့် ဆေးရုံကလစ်ထွက်လာတာကို ဒယ်ဒီဟာ အခုထိမကျေနပ်သေး။
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)