[ 34 ]

3.7K 167 7
                                        

>> Unicode <<
~~~~~~~~~~~~

ကာလတစ်ခုကိုကုန်လွန်သွားပြန်တဲ့နောက်မှာ မျှော်လင့်ချက်အလင်းတန်းလေးဟာ ဩဂတ်စ်တို့ရဲ့ဘဝထဲ ဝင်ရောက်လာခဲ့ပါသည်။ ဒါကတော့ ဆေးစစ်ချက်များရဲ့အဖြေအရ သံသာလင်းရိပ်ဆီမှာ ရင်သွေးလေးရှိနေပြီဆိုတာပင်။ ထိုနေ့က သံသာလင်းရိပ်ငိုခဲ့သည်။ ကြည်နူးဝမ်းသာခြင်းကြောင့်ပဲ ကျတဲ့မျက်ရည်တွေကို ဩဂတ်စ်လည်းမတားဆီးနိုင်။ သူကိုယ်တိုင်မှာလည်း မျက်ရည်တွေဝေ့သီခဲ့ရတာကြောင့်..။

" ဩဂတ်စ် မင်းခဏနားပါဦး၊ ငါဗိုက်မဆာသေးပါဘူးဆို "

ပြောရင်း လင်းရိပ်ဟာ ဩဂတ်စ်ရဲ့အနောက်မှ ခပ်တင်းတင်းလေးလာဖက်၏။

" ကြားလား၊ ခဏလောက် နားလိုက်ဦးလို့.. အပြင်ကပဲမှာစားလို့ရတယ်လေ "

ဩဂတ်စ် မျက်ဆံလေးထောင့်ကပ်ကာ ခပ်စွေစွေကြည့်မှ သံသာလင်းရိပ်တစ်‌ယောက် ဟီးခနဲရယ်ပြသည်။ အပြင်စာတွေမစားရမှန်းသိရဲ့နှင့် တမင်လာလာပြောနေတာ။

လင်းရိပ် သူ့ကိုနားခိုင်းတာလည်း အကြောင်းမဲ့မဟုတ်။ အိမ်အသစ်ကိုပြောင်းလာတာနှစ်ရက်ပဲရှိသေးတာကြောင့် ဩဂတ်စ်ဟာ ပစ္စည်းတွေနေရာချတာလည်းသူ။ အိမ်သန့်ရှင်းရေးကအစ စားသောက်ဖို့အထိ သူ့လက်သူ့ခြေ အကုန်လုပ်နေတော့တာ။ လင်းရိပ် ဝိုင်းလုပ်ပေးရင်လည်း ရုပ်တည်ကြီးနှင့်ကြည့်ပြီး စိတ်ဆိုးပြတတ်တော့ ကူလည်းကူပေးလို့မရ။

အေးအေးလူလူနေထိုင်ချင်တဲ့ ဒယ်ဒီ့ရဲ့ဆန္ဒကိုလည်းဖြည်းဆည်းပေးရင်း၊ သူတို့နှစ်ယောက်တည်းကျန်ခဲ့ရမဲ့ အိမ်ကြီးက သိပ်ကျယ်လွန်းတာကြောင့် တစ်ထပ်တိုက်အသစ်လေးကို ပြောင်းဖြစ်ခဲ့ကြတယ်။ ကျန်ခဲ့တဲ့အိမ်ကြီးကို ရောင်းဖို့အတွက်လည်းမဖြစ်နိုင်၊ ဒီအတိုင်းပဲပိတ်ထားရင်း ပျက်စီးမှာလည်းစိုးတာကြောင့် ဒယ်ဒီနှင့်မာမီရယ်၊ လက်ထောက်ထးဖြစ်သူရယ်ကို တိုင်ပင်စီစဉ်ပြီး အငှားထားဖို့သာ ဆုံးဖြတ်ခဲ့တယ်။

လိုအပ်တဲ့စာချုပ်စာတမ်းတွေပြင်ဆင်ပြီး အငှားဖွင့်လိုက်တာနှင့် အိမ်ငှား‌တွေစရသည်။ ရတဲ့အကျိုးအမြတ်ကိုတော့ ဒယ်ဒီက ဩဂတ်စ်ကိုပဲယူစေခဲ့၏။ တစ်ချက်တစ်ချက်ညီဖြစ်သူကို ပြင်းပြင်းရှရှသတိရတာလွဲ၍ ဩဂတ်စ်ဧဿန်အတွက်လည်း အစစအရာရာအဆင်ပြေပါသည်။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now