>> Unicode <<
~~~~~~~~~~~~
" ပစ်သွားတာတောင်နည်းသေးတယ်၊ မင်းဒီလောက်ပွေတာ "
ဩဂတ်စ်ရဲ့စကားက သူ့သူငယ်ချင်း သူရကျော်ထင်အတွက် အမှန်တရားဆိုလျှင်တောင် နားခါးနေဆဲ။
" ဩဂတ်စ် မင်းစရောက်တည်းက ငါ့ကိုအကောင်းမပြောတာ၊ မင်းယောက်ျားရှိတိုင်း လူကိုမညှာမတာမပြောစမ်းပါနဲ့ "
" ညှာတာစရာ ဘာအကြောင်းရှိလို့လဲ၊ မင်းအသက်ကိုလည်းကြည့်ဦး ပွေနေရမဲ့အရွယ်လား "
သူရကျော်ထင်ရဲ့မျက်နှာက မည်းခနဲ။ ရင်ဖွင့်လို့များရမလားဆိုပြီး ဩဂတ်စ်ဧဿန်ကိုခေါ်ကာမှ စရောက်တည်းက အဖဲ့ခံနေရတဲ့အဖြစ်။ ဩဂတ်စ်လည်း အရေးကြီးကိစ္စလို့ခေါင်းစဉ်တပ်တာကြောင့် ရောက်လာတာကို ဒီလိုအရည်မရ အဖက်မရတွေနားထောင်ရလိမ့်မယ်မထင်ထား။
" ငါ့အသက်ရွယ်က ဘာဖြစ်နေလို့လဲကွာ... ဩဂတ်စ်ရာ.... မင်းက ယောက်ျားလည်းရရော လေစိမ်းတွေတိုက်ချက်ကွာ "
" အပိုတွေမပြောနဲ့ သူရကျော်ထင်.. ငါရတာ မနေ့တစ်နေ့ကမှလည်းမဟုတ်ဘူး၊ ငါ့ကလေးတောင်မွေးတော့မယ် မင်းအချိုးမပြင်သေးတာ "
အသည်းကွဲတာကိုအကြောင်းပြုလို့ ကျော်ထင်တစ်ယောက် အတော်လေးကိုမူးနေလေပြီ။ ဖွင့်ပွဲပြီးတည်းက အိမ်ပြန်ချင်နေပြီဖြစ်တဲ့ဩဂတ်စ်လည်း ဒီကောင့်ရဲ့အသည်းကွဲပြဇာတ်ကိုတကူးတကလာနားထောင်ရ၍ မှုန်ကုပ်နေ၏။
" ငါက... သူ့ကိုတော့ တကယ်ချစ်တာကွ.... ဒီမှာ ဒီ lipstick လေးတောင် သူလိုချင်တယ်ဆိုလို့လေ ငါ့မှာတကူးတကသွားဝယ်ထားရတာ... သူကတော့ ရက်ရက်စက်စက်ကို ပစ်သွားတာ ငါ့ကောင်ရေ "
ဩဂတ်စ် သူ့ကိုပြန်မပြောနိုင်တော့။ ဝိတ်တာလေးလှမ်းခေါ်ကာ လင်းရိပ််အတွက် ဝက်ဆလပ်ပါဆယ်မှာထားလိုက်၏။ သူ့အမေနှင့်ညီမလေးအတွက်ပါ ဝယ်သွားဖို့မမေ့။ ထိုအချိန်မှာ တစ်ဖက်ကဝိတ်တာနှင့်စကားပြောနေဉ် ဘေးနားကငမူးကောင်ဟာ " သားကြီးရာ... " ဆိုပြီး သူ့ကိုအတင်းလာဖက်နေတော့သည်။
အနားကပြန်ထွက်သွားတဲ့ဝိတ်တာလေး ပြုံးစိစိဖြစ်နေတာကြောင့် ဩဂတ်စ် ဘေးကကောင်ကိုလှည့်ကြည့်လိုက်၏။ ထိုအချိန်မှ သူမျက်မှောင်တွေကြုတ်ကာ သကောင့်ကိုတွန်းထုတ်လိုက်ရင်း...
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)