Chapter 44: ဟေမာန်ဆောင်း
ပထမဆုံးနှင်းများအရည်ပျော်သွားပြီး နောက်ဒုတိယနှင်းကျလာသည်။ ထိုဒုတိယနှင်းကပထမနှင်းထက်ပိုပြီး သိပ်သည်းထူထပ်သည်။
အစပိုင်းတွင်နှင်းကျသည်ကိုအထူးအဆန်းဖြစ်ပြီး ပျော်နေသော်လည်း တောင်ပိုင်းသူဖြစ်သည့် သူ(မ)ကအအေးဒဏ်ကိုမခံနိုင်သောကြောင့် တစ်ကိုယ်လုံးထုံကျင်ကိုက်ခဲလာသည်။ ဤရက်ပိုင်းအတွင်းထင်းမီးဖိုကိုအမှီပြုပြီး အသက်ဆက်နေရသည်။ ဟဲ့ရှောင်ယွင် တစ်ယောက်အိမ်တံခါးမကြီးကိုပင် မဖွင့်ရဲတော့ချေ။
ဝေ့ကျန့်ဝေ့ ကလည်းသူမကိုအိမ်ပြင်မထွက်ခိုင်းသောကြောင့် အိမ်တွင်းအသုံးအဆောင်များနှင့်စားနပ်ရိက္ခာများ ကို ပိတ်ရက်အတွင်း သူကိုယ်တိုင်စျေးသွားမှသာဝယ်ဖြည့်နိုင်သည်။ ဟဲ့ရှောင်ယွင် ၏တစ်နေ့တာလုပ်ငန်းစဥ်မှာ ချက်ပြုတ်လိုက်၊စာဖတ်လိုက်၊ဆွယ်တာထိုးလိုက်နှင့်လည်ပတ်နေသည်။
လယ်သမားများကလည်းဘယ်လောက်ပဲဆင်းရဲနေပါစေဤအချိန်တွင်သူတို့စိုက်ပျိုးသိုလှောင်ထားသောဟင်းသီးဟင်းရွက်များကိုရောင်းထုတ်မည်မဟုတ်ချေ။
ထို့ကြောင့်ဆောင်းတွင်းတွင်အသီးအနှံများကိုပေါပေါလောလောမစားရပေ။
မုန်လာဥဖြူပါဝင်သည့်အစားသုံးနပ်ကိုဆက်တိုက်စားလိုက်ရပြီး နောက်ပဲပင်ပေါက်ဟင်းချိုလေး ဘာလေးလုပ်စားရန် ဟဲ့ရှောင်ယွင် စဥ်းစားမိသည်။ မဟုတ်လျှင်လူကမုန်လာဥဖြစ်တော့မည်။
အတိတ်ဘဝတွင်ဟဲ့ရှောင်ယွင် ၏အဘိုးကပဲပင်ပေါက်ရောင်းခဲ့သူဖြစ်သည်။ အဘိုးဖြစ်သူကအောက်ခြေတွင် အပေါက်သေးသေးလေးတစ်ပေါက်ပါသည့် ပုံးကြီးတစ်ခုထဲတွင်ပဲစိမ်းများကိုအလွှာလိုက်တစ်လွှာပြီး တစ်လွှာဖြန့်ထားသည်။ ထို့နောက်ထိုပဲစိမ်းအလွှာများကိုဝါးရွက်ဖြင့်အုပ်ထားလိုက်သည်။ အပင်အောင်ရန် အတွက်ရက်ပေါင်းများစွာတိုင်အောင်နာရီပိုင်းခြားပြီး ရေလောင်းပေးရသည်။ အပူချိန်ကပုံမှန်အတိုင်းဖြစ်နေလျှင်ပဲစိမ်းပင်ပေါက်များကမြန်မြန်ကြီးထွားလာမည်ဖြစ်သည်။
![](https://img.wattpad.com/cover/343980632-288-k522782.jpg)
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.