Episode -1 (When I meet u...)

19.1K 863 18
                                    

(Zawgyi)

ညနေ 3:00 နာရီလောက်သာ ရှိသေးတဲ့ အပြင်ဘက်ဆီမှာ လင်းနေဦးပေမယ့် ... မီးရောင်စုံတွေနဲ့ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ရိပ်ကတော့ ... ဒီအဆောက်အအုံတွင်းထဲမှာ သီချင်းသံတွေရဲ့ မြူးမြူးကြွကြွသံစဉ်တွေနဲ့အတူ လွှမ်းမိုးနေတယ် ...

မျက်စိထဲမှာ မှိတ်တုတ် မှိတ်တုတ် မီးရောင်တွေနဲ့ ထိုမီးရောင်အောက်မှာ က နေကြတဲ့သူတွေက အမြင်အာရုံတွေကို ရှုပ်ထွေးစေပေမယ့် ကျွန်တော် က ... အမှောင်ရိပ်ခိုရတာကိုကြိုက်တယ် ... ကျွန်တော့်အတွက် စိတ်ကိုတည်ငြိမ်ပြီး မိန်းမောစေတယ် ... ကျွန်တော် အဲ့ခံစားချက်ကို သဘောကျတယ် ... ထို့ကြောင့်လည်း ချောင်ကျကျ တစ်နေရာမှာ နံရံကိုကျောမှီပြီး ... အကမျိုးစုံနဲ့ သူတစ်မျိုး ငါတစ်မျိုး လွတ်လပ်စွာ စီးဝင်နေကြတဲ့ သူတွေကိုကြည့်ကာ... ခပ်လှမ်းလှမ်းလောက်မှာ  ဘီယာတစ်ဗူးနဲ့ ... ဇိမ်လုပ်နေလိုက်တယ် ...

၂၁ နှစ် အရွယ် နောက်ဆုံးနှစ်အထက်တန်းကျောင်းသား တစ်ယောက်အနေနဲ့ ... ၂၁ နှစ်ဆိုလို့ ... ကျွန်တော်က အထက်တန်းကို နှစ်နှစ်ကျခဲ့လို့ပါ ... ဘယ်အရွယ်ပဲရောက်ရောက် ကျောင်းသားတစ်ယောက်အနေနဲ့ဆိုရင်တော့ ... ဒီလို club နေရာမျိုးနဲ့က အပ်စပ်မှာတော့မဟုတ်ဘူးပေါ့ ... ဒါပေမယ့် ... စံပြကျောင်းသားကောင်းတွေထဲ ပါဝင်လေ့မရှိတဲ့ ... ကျွန်တော့်အတွက်ကတော့ ... ညဉ်တစ်ခုလို ဖြစ်နေပါပြီ ... လွန်ခဲ့တဲ့ အချိန်တွေက ခပ်ဆိုးဆိုးကျောင်းသားအုပ်စုထဲ ပါဝင်မိခဲ့တဲ့ ... အကျင့်စရိုက်တွေက ... ကျွန်တော့်ကို အခုထိ အကျင့်ပါနေစေတယ် ... အတိတ်ဆီ ခဏလောက် တွေးကြည့်မိလိုက်တာနဲ့ အတိတ်က အကြောင်းတစ်ချို့က ...ကျွန်တော့်အပြစ်မကင်းခဲ့တဲ့ ပုံရိပ်တွေကို အမှတ်ရမိသွားစေတယ်...

"အားလုံး ခဏလောက် အာရုံစိုက်ပေးကြပါ ... "

ရုတ်တရတ် DJ ခပ်မြူးမြူး သီချင်းသံတွေပိတ်သွားပြီး ... တစ်ခုခုကို ကြေငြာတော့မယ့် အချက်ပေးသံတစ်ခုလို စင်ပေါ်က လူက အားလုံးကို ရပ်စေကာ ပြောတယ် ... ကျွန်တော်နဲ့ သိပ်မစိမ်းတဲ့ အသံမို့ စလိုက် ထိုးထားတဲ့ စင်ပေါ်က လူကို တစ်ချက်ကြည့်လိုက်တော့ Zhang YiXing ... လူက ခပ်အေးအေးနေတတ်ပေမယ့် ... သူလည်း သိပ်ပြီးကောင်းလွန်းတဲ့ ကျောင်းသားမျိုးထဲမှာတော့ မပါ ... သူလည်း တစ်နှစ်ကျကျောင်းသားပဲ... ဒါကြောင့်လည်း ကျွန်တော်နဲ့ ပေါင်းဖြစ်တာထင်တယ် ...

RejectWhere stories live. Discover now