Episode - 41 (Conceal ...)

2.5K 269 22
                                    

Conceal ...
(Zawgyi)
အိမ်တံခါးကို တွန်းဖွင့်ဝင်လာဖို့တောင် ခက်ခဲစွာ စဉ်းစားနေရတဲ့ အချိန်တစ်ခုက ထင်ထားတာထက် စိတ်ပင်ပန်းဖို့ကောင်းလွန်းတယ်
အိမ်ထဲရောက်ရင် ရင်ဆိုင်ရမယ့် မျက်နှာရိပ်တွေအပေါ် အလိုက်အထိုက် ပြုံးရယ်ပြနိုင်ဖို့ကြိုတင်ပြင်ဆင်ရတယ် ...
လေးကန်နေမိတဲ့ ခြေလှမ်းတွေကို အားကန်ပြီး လျှောက်လှမ်းခဲ့ရတယ် ...

ကျွန်တော်လည်း အချိန်တွေ အများကြီး တွန့်ဆုတ်နေမိခဲ့တယ် ...

အမှန်အတိုင်းပြောရရင် စိတ်လွတ်လက်လွတ် ဒီ့ထက်ပိုပြီးနေကြည့်ချင်မိတယ် ... တော်ရုံနဲ့ အိမ်ပြန်မလာချင်သေးပေမယ့် ဒီ့ထက်ပိုပြီးလည်း ကျွန်တော့်ခံစားချက်ကို ရှေ့တန်းမထားသင့်တော့ဘူးထင်ပါတယ် ...
ကျွန်တော်ချစ်ရသူရဲ့နောက်ဆုံးခရီးကို နာကျင်မှူတွေ မဆံ့မပိုး ကျွန်တော် ပွေ့ပိုက်ထားမိနေရင်း ကျွန်တော်ချစ်ရတဲ့ညီဖြစ်သူကိုပါ တဖြေးဖြေးနဲ့ ဆုံးရှုံးရတော့မယ်ထင်တယ် ...

Suho ရဲ့ ဖုန်းဆက်သတိပေးမှုကြောင့် ရက်အတန်ကြာ အိမ်ကနေထွက်သွားကာနေနေရင်း ကျွန်တော် ပြန်လာဖြစ်မိတယ် ...

အိမ်ထဲရောက်ရောက်ချင်းပဲ အသင့်စောင့်ဆိုင်းနေတဲ့ သူကို ဆိုဖာပေါ်မှာ တောင့်တောင့်ကြီးထိုင်နေတာကိုတွေ့လိုက်ရတယ် ...

"Kris ! "

အားတွေရှိသွားပုံပေါ်တဲ့ အသံတစ်ခုရဲ့နောက်မှာ ဖြစ်တည်လာတဲ့ ကြိုဆိုမှုတစ်ခုက ကျွန်တော့်မျက်နှာကို မြင်လိုက်ရချင်းပဲ အနည်းငယ်ပျက်ယွင်းသွားပုံပေါ်တယ်

"ငါ မဖြစ်လို့သာ ခေါ်လိုက်ရတယ် မင်းရော အဆင်ပြေရဲ့လားကွာ ... "

သိသိသာသာအားလျော့သွားလောက်အောင် ဖြစ်သွားစေတဲ့ ကျွန်တော့်မျက်နှာကလည်း သိပ်ကိုပျက်စီးနေပုံ ပေါ်တယ် ....

တစ်ပတ်ကျော်ကျော်လောက် ပစ်ထားတဲ့ မျက်နှာမှာ မှုတ်ဆိတ်မွှေးခပ်ရေးရေးတွေကလည်း အနည်းငယ် ရှုပ်ထွေးစွာ ထွက်နေလောက်ရောပေါ့
ရှုပ်ပွနေတဲ့ ဆံပင်မွှေးပရပွကလည်း ပွေလိမ်နေလောက်ရောပေါ့

အိပ်မပျော်နိုင်လို့ မျက်လုံးနှစ်လုံးကိုဖွင့်ထားတဲ့ တလျှောက်လုံး မြင်ယောင်နေမိတဲ့ သူ့ပုံရိပ်ကို ဖမ်းယူထားတဲ့ သိစိတ်ရော မသိစိတ်ရောကိုပါ အရက်တွေနဲ့ ဖုံးလွှမ်းမိအောင်ကြိုးစားထားတဲ့ လူတစ်ယောက်မှာ အနံ့အသက်ကအစ နှာခေါင်းရှုံ့ချင်စရာကောင်းနေရောပေါ့

RejectOnde histórias criam vida. Descubra agora