Episode - 31 (Your Choice...)

3.4K 426 31
                                    

(Zawgyi)
လွယ်အိတ်ထဲက နားကျပ်ကို ထုတ်လိုက်ကာ နားတစ်ဖက်ဆီကို တပ်လိုက်တော့ ခပ်ကျယ်ကျယ်အသံလှိုင်းတွေက ပတ်ဝန်းကျင်ကို ခဏတာမေ့ဖျောက်စေကာ စီးချက်အတိုင်းစိတ်ကိုမျောပါစေတယ် ...

ပျော်ရွှင်မှူပဲဖြစ်စေ ဝမ်းနည်းခြင်းပဲဖြစ်စေ မတူညီတဲ့ခံစားချက်တွေကို အလဲအလှယ်လုပ်ပေးနိုင်တယ် ... တစ်ခါတစ်ရံတော့ ဂီတက အကောင်းဆုံးအဖော်ကောင်းဖြစ်စေတယ်...
စာသားတစ်ကြောင်းချင်းစီအပေါ်မှာ မြင်ယောင်လာစေတဲ့ မျက်နှာတစ်ခုကိုမဖျောက်ဖျက်ပေးနိုင်ဘဲ ပိုဆိုးနေစေတာလေးတစ်ခုကလွဲရင်ပေါ့ ...

ရုတ်ချည်းဖြစ်ပျက်သွားတဲ့အခြေအနေတစ်ရပ်က ကျွန်တော့်ကို အများကြီးခြောက်ခြားစေခဲ့တာတော့အမှန် ...
စိတ်သက်သာရာရစေတဲ့ Kris ရဲ့ခွင့်လွှတ်နိုင်မှုမှမဟုတ်ရင် ကျွန်တော် ဘယ်လိုမှမခံနိုင်လောက်မယ့်အရာဖြစ်ခဲ့မှာ ... ဒါပေမယ့် ကျွန်တော် အပြစ်ရှိနေဆဲပင် ... ကျွန်တော်က သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို သေစေခဲ့တယ် ... နေ့ချင်းမှာပဲ သူဆက်ရှင်သန်နေရတဲ့အကြောင်းအရင်းက ကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့ပြန်တယ် ... ကျွန်တော် အဲ့ဒါတွေကြောင့် သူ့အချစ်ဆိုတာကို လန့်ခဲ့တာ ... မှန်းဆမရအောင် ကြီးမားနေတဲ့ အချစ်တစ်ခုက ကျွန်တော့်ကိုအမြဲ တုန်လှုပ်နေစေခဲ့တယ် ... InSong ရဲ့အစီအစဉ်ကြောင့်သာမဟုတ်ရင် ကျွန်တော် လွန်ဆန်နိုင်ခဲ့မှာမဟုတ်ဘူးထင်တယ် ... ဒါကြောင့် ... သေစေလောက်တဲ့အပြစ်တစ်ခုကို လက်ပိုက်ကြည့်နေခဲ့တာ ...

ရင်ဘတ်ထဲက တစ်စုံတစ်ခုအစိတ်စိတ်အမွှာမွှာကွဲကြေလာသလိုပင် ... စက္ကန့်ပိုင်းအတွင်းမှာ ဆစ်ကနဲ မြည်သံတစ်ခုက ခေါင်းထဲမှာ မြည်ဟိန်းသွားသလို နာကျင်လာတယ် ...
Sehun သိနေတဲ့အရာတွေမှာ ကျွန်တော့်ရဲ့အမှားတွေရှိနေမလား ...
စဉ်းစားလိုက်ရင် ရူးသွပ်ချင်လာတဲ့ခံစားချက်က တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးရွားလာတယ် ...
သူ့အစ်ကိုနဲ့ကျွန်တော်နဲ့ပတ်သတ်မှုကို အတိုင်းအတာတစ်ခုအတွင်းမှာ သိသင့်သလောက်သိထားပုံပင် ... ဒါပေမယ့် ဒီအကြောင်းနဲ့ပတ်သတ်လို့ တုန်လှုပ်ခြင်းအနည်းငယ်တောင်မမြင်ရတဲ့သူ့ကို ပိုလို့လည်းအံ့သြမိတယ် ...

RejectTahanan ng mga kuwento. Tumuklas ngayon