Episode - 46 (Can I have a chance again...)

1K 120 22
                                    

(Zawgyi)
"ကျွန်တော့်စိတ်တွေ အခု အရမ်းကို ရူးနှမ်းပစ်ချင်နေတယ် ကျွန်တော် ဘယ်လိုလုပ်သင့်လဲ"

သူပြောလာတဲ့ စကားတစ်ခွန်း ~
ကျွန်တော့်မျက်နှာပေါ် တို့ထိနေတဲ့ သူ့လက်ချောင်းတွေ ~
အမြဲတမ်း မျိုသိပ်မှုတွေအပြည့်နဲ့ အဓိပ္ပာယ်ဖော်မရခဲ့တဲ့မျက်ဝန်းတွေ ~

ကျွန်တော်ကရော ~ မရူးနှမ်းခဲ့ရဘူးများ သူထင်နေသလား ~
တစ်ခန်းတည်းက လေကို အတူရှူရှိုက်နိုင်ဖို့ ကျွန်တော် ဘယ်လောက်ထိ နာကျင်စွာ စောင့်ဆိုင်းခဲ့ရတယ်ဆိုတာရော သူ တွေးမိပါ့မလား ~

ကျွန်တော် သိတယ် ~ သူက သူပဲ နစ်နာခဲ့တယ် နာကျင်ခဲ့တယ်လို့ ထင်နေတုန်းပဲ ~ ကျွန်တော် ဘယ်လောက်ထိ ခံစားခဲ့ရမှန်း ~ အခု သူ့ကိုမြင်နေ ထိတွေ့နေခွင့်ရနေတာတောင် လက်ဖျားတွေ ထုံကျဉ်လောက်တဲ့ထိ ကြောက်ရွံ့နေတာတွေ ~
ဒါတွေ သူ စဉ်းစားမိမှာမဟုတ်ဘူး ~

"Ohsehun ~ "

ကျွန်တော့်ခေါ်သံနောက်က ငေးကြည့်လာတဲ့
သူ့မျက်ဝန်းတွေက ငူငိုင်လို့လာတယ် ~
ထူးဆန်းစွာ လွမ်းဆွတ်နေတဲ့အငွေ့အသက်မျိုးပေါ့ ~
ကျွန်တော် ဟားတိုက်စွာ ရယ်မောချင်တဲ့ အကြည့်မျိုး ~

"မင်း ငါသေပြီဆိုတာကို ယုံခဲ့လား"

မီးကို ရေနဲ့ငြိမ်းလိုက်သလို အပူတပြင်းဖြစ်နေတဲ့ မျက်နှာပေါ်က အမူအယာတွေက စက္ကန့်ပိုင်းအတွင်းပေါ်လာပြီးမှ ကျွန်တော့်လည်တိုင်ပေါ်က သူ့လက်ချောင်းတွေနဲ့အတူ လျော့ကျကာသွားတယ်

"ကျွန်တော် မယုံကြည်ခဲ့လို့ ခင်ဗျားကို စောင့်နေခဲ့တာပေါ့"

ကျွန်တော့်လည်တိုင်ပေါ်ကနေ ဖယ်ခွာလိုက်တဲ့ လက်ချောင်းတွေကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်ကာ ဖြည်းညင်းစွာ ပြောလာတယ်

သူ့အပြောတွေရဲ့နောက်မှာ ကျွန်တော်လည်း ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်မိတယ်

"ဟင့်အင်း ! မင်း ယုံခဲ့တယ်
ဒါပေမယ့် အဲ့ဒါကို လက်မခံချင်လို့ ငြင်းဆန်နေခဲ့တာ"

"မဟုတ်ဘူး !! "

မျက်မှောင်ကျုံ့ကာ ကြည့်လာတဲ့ မျက်ဝန်းတွေမှာ ခံပြင်းမှုအပြည့် ~
ချက်ချင်း မောဟိုက်လာတဲ့ရင်ဘတ်က ကျွန်တော်ပါ မြင်ရလောက်တဲ့ဆီထိ ပြင်းထန်နေတယ်
ကျွန်တော် မျက်နှာလွှဲလိုက်တယ် ~
သူ နာကျင်နေရတယ်ဆိုတာပါ ကျွန်တော် မခံစားချင်ဘူး ~

RejectDonde viven las historias. Descúbrelo ahora