(Zawgyi)
ညက တစ်ရေးမှမအိပ်နိုင်ခဲ့တဲ့ မျက်လုံးတွေက အနည်းငယ် နီမြန်းနေကာ စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ် ...
ညဉ်းသိုးသိုးပုံစံကို လန်းဆန်းသွားအောင် ရေချိုးပြီး Hotel Restaurant ဆီကို ကျွန်တော် ထွက်လာခဲ့တယ် ...စားနေရပေမယ့် အစားအသောက်တွေက ပုံစံလည်းသိပ်မပျက်ပါ ...
ကျွန်တော့်ပါးစပ်ထဲကိုထည့်ရတဲ့ အရသာတွေမှာ ထူးကဲမှုလည်းမရှိသလို ... စားချင်စိတ်အစား လေးလံနေတဲ့စိတ်တွေကသာ ကျွန်တော့်ကိုစိုးမိုးထားတယ် ...စားပွဲကို ခေါင်းဆိုင်ထားတဲ့ ကျွန်တော့်ရှေ့ ခြေထောက်တစ်စုံရောက်လာတယ် ...
မျက်ခုံးကိုပင့်ကာ မော့ကြည့်လိုက်တော့ ... တောက်ပနေတဲ့ အပြုံးတစ်ခုကို မြင်နေရပြန်တယ် ..."ဒီမှာထိုင်မယ်နော် "
ကျွန်တော့်ဘက်က ဘာမှမတုံ့ပြန်ရသေးခင်ပဲ သူက ဝင်ထိုင်လိုက်ပြီးပြီ
"ဘာတွေငိုင်နေတာလဲ
မင်း ညက အိပ်ရောအိပ်ရဲ့လား"ကျွန်တော် သူ့ရဲ့ တောက်ပလွန်းနေတဲ့ မျက်ဝန်းတွေကိုကြည့်နေမိတယ် ...
ကျွန်တော့်ရဲ့နာကျင်နေတဲ့ ပုံစံက သူ့အတွက် ရယ်စရာတစ်ခုဖြစ်နေမှာပေါ့လေ ..."ကျန်တဲ့စားပွဲတွေအများကြီးရှိတာပဲ
ခင်ဗျား ဘာလို့ ဒီမှာလာထိုင်တာလဲ ""တစ်ယောက်တည်းစားရတာ အရသာ သိပ်မရှိဘူး"
သူ့ရှေ့ကို ချပေးလာတဲ့ အစားအသောက်ပန်းကန်တွေကို စီရီနေရင်းက ပြောလာတဲ့ ပုံစံက ရွှင်မြူးလန်းဆန်းလွန်းစွာ ...
သူ အရမ်းပြောင်းလဲတတ်ခဲ့ပြီထင်တယ် ..."ခင်ဗျားကြည့်ရတာ ထမင်းကို အမြဲ တစ်ယောက်တည်းစားရတယ်ထင်တယ်"
ဇွန်းကိုကိုင်ထားတဲ့ သူ့လက်တွေ မသိမသာ တန့်သွားပေမယ့် ဟန်မပျက်မျက်နှာကတော့ ပုံမှန်အတိုင်းပင် ...
သူ့ရဲ့ အမူအရာတစ်ချက်ချင်းစီတိုင်းက ကျွန်တော့်ရဲ့လှုပ်ရှားမှုတစ်ခုချင်းစီလိုပဲ မှတ်သားထားနိုင်တာတောင် သူ ကျွန်တော့်ကို လိမ်ညာလို့ကောင်းနေတုန်းပင် ..."အင်း ဆိုပါတော့ ! ငါကိုက အဲ့ခံစားချက်ကြီးက အကျင့်ဖြစ်နေတဲ့ပုံပဲ !
ဒါပေမယ့် အမြဲတော့ မဟုတ်ပါဘူး"
STAI LEGGENDO
Reject
Teen Fictionplz reject my valueless love and then leave my heart in the silent and dark place...