(Zawgyi)
သူမရဲ့သူငယ်ချင်းတစ်သုတ်နဲ့ စကားဖောင်ဖွဲ့နေကာ ကျွန်တော့်အကြောင်းအချို့နဲ့လည်း ထပ်တလဲလဲမိတ်ဆတ်ပေးနေတယ် ... ခိုင်ခိုင်မြဲမြဲဆွဲချိတ်ထားတဲ့ သူမလက်တွေကြောင့် ကျွန်တော်လည်း အားနာနာနဲ့ရယ်ပြပြုံးပြကာ ရပ်နေမိတယ် ...တည်ငြိမ်မှုမရှိတဲ့ ကျွန်တော့်မျက်လုံးတွေက ခန္ဓာကိုယ်နဲ့တော့ တခြားစီ ! ခုနကထိုင်နေခဲ့တဲ့ နေရာမှာပဲ ရှိနေတဲ့ သူ့ဆီသာ ကျွန်တော် မကြာခဏ ကြည့်နေမိတယ် ... ပိုအရေးကြီးတာက သူတစ်ယောက်တည်းမဟုတ်ဘဲ မိန်းကလေး သုံးယောက်လောက် ရှိနေတာကိုပင် ...
ပြန်လည်ပြုံးပြနေတဲ့ မျက်နှာက အသက်မပါပေမယ့် ... အသက်ပါလွန်းနေတဲ့ သူ့နားက မိန်းကလေးတွေကြောင့် ကျွန်တော့် စိတ်တွေ စနိုးစနှောင့်ဖြစ်လာတယ် ..."သူက Sehun သူငယ်ချင်းလေ ...
Sehun na !!"လက်မောင်းကိုကိုင်လှုပ်ကာ ပြောလာတဲ့သူမကြောင့် တစ်ဖက်ကိုရောက်နေတဲ့ စိတ်တွေကို ပြန်စုစည်းနိုင်တော့တယ် ...
"ဟင် ? ဘာလို့လဲ Noona "
"အော် ... ဒီမှာလေ ... ဒီမိန်းမတွေက Luhan နဲ့မိတ်ဆက်ခိုင်းနေလို့"
ရယ်သံလေးနှောထားတဲ့ သူမအသံကြောင့်သာ ကျွန်တော် သူမ သူငယ်ချင်းတွေအပေါ် အားနာစိတ်လေး အနည်းငယ်ဝင်မိသွားတာမို့ ဟန်ဆောင်အပြုံးလေးတစ်ခုတော့ လုပ်ပြလိုက်မိတယ် ...
ကျွန်တော် သူ့ကိုခေါ်ခဲ့မိတာ ပိုပြီး ပိုပြီး မှားယွင်းလာသလိုပင် ...
"Sehun na ! Luhan ကို ဒီနားခေါ်လိုက်ပါလား"
"ဟင် ? ဟို ... သူက လူများရင် သိပ်မကြိုက်ဘူး ... ဟို ဝိုင်းအုံပြီး မိတ်ဆက်ရင် သူက စိတ်ရှုပ်လာတတ်တယ် ... အဲ့ဒါ ... ဟိုလေ ..."
ယုတ္တိရှိအောင် ဘယ်လိုထပ်ပြီး ငြင်းရမလဲ စဉ်းစားရင်း ကျွန်တော် အကြံအိုက်လာတယ် ... ကျွန်တော်သူ့ကို ဘယ်သူဆိုပြီး မိတ်ဆက်ပေးရအောင်ခေါ်လာခဲ့တာလည်းမဟုတ်သလို လိုလည်းမလိုအပ်ဘူးလေ ...
"အော် Luhan shi ! အတော်ပဲ"
သူမ ကျွန်တော့်ကိုကျော်ကြည့်ရင်း ပြောလိုက်တာကို ကျွန်တော် ကြောင်သွားကာ အနောက်ကိုကြည့်လိုက်မိတော့ ... ခေါင်းထဲကနေ အငွေ့တွေပျံချင်လာသလိုပင် ...
ဒီလူကတော့ မလိုအပ်တဲ့အချိန်ကျရင် ......
STAI LEGGENDO
Reject
Teen Fictionplz reject my valueless love and then leave my heart in the silent and dark place...