(Zawgyi)
နေ့လည်စာ အစား Coke တစ်ဗူးကို အရှေ့ချထားပြီး နေရောင်ဖျော့ဖျော့ ပြန့်ကျဲနေတဲ့ Tennis အားကစားကွင်းဘက်ကို မျက်နှာမူရင်း လှုပ်ရှားမှုမရှိ ငြိမ်သက်နေတဲ့ အစိမ်းရောင်ခင်းပြင်ကို ငေးကြည့်ရင်း ပါးစပ်ထဲမှာ သောက်လက်စပြင်းရှရှအရည်တွေကို မျိုချလိုက်တယ် ...
တိတ်ဆိတ်မှုကို အခွင့်ကောင်းယူပြီး အဆင်ပြေချင်ယောင်ဆောင်နေတဲ့ နှလုံးသားက ထိုးဆစ်ကိုက်ခဲလာတာကို တွန်းလှန်သည်းခံနိုင်ဖို့ ကြိုးစားယူနေရတာ ချွေးစေးတွေဆို့လာတဲ့ဆီထိ ကျွန်တော် ပင်ပန်းလို့လာတယ် ...
တိုးဝှေ့တိုက်ခတ်လာတဲ့ လေညှင်းအချို့က ခပ်ဖြေးဖြေး အသားတွေကို ပွတ်တိုက်လာနေတော့ ကျွန်တော့်ပါးပြင်ပေါ်က စိုစွတ်မှုက အေးစက်လာကာ ပိုလို့သိသာလာတယ် ...
မျက်ရည်တွေ ...
မလိုအပ်ပါဘဲ ကျဆင်းနေတဲ့ မျက်ရည်တွေ ...
ကျွန်တော့်စိတ်ဓာတ် အဲ့လောက်မပျော့ညံ့ပါဘဲနဲ့ နာကျင်မှုကို သတ်သေပြုလာတဲ့ မျက်ဝန်းအိမ်အတွင်းကအရည်ကြည်တွေ ... ကြိတ်မှိတ်နေတဲ့ကြားက အတင်းတိုးထွက်လာပါရောလား ...တစ်ဆို့လာတဲ့ လည်ပင်းနေရာက တင်းကြပ်မှုကို တံတွေးနဲ့ လျှောချရင်း ... နှုတ်ခမ်းကို နာနာဖိကိုက်လိုက်မိတယ် ...
ကျွန်တော်ဟာ သူ့အတွက် ဘာလဲဆိုတာ သိနိုင်မယ်ဆိုရင် သေခန်းတံခါးဝနားဆိုရင်လည်း အပြေးသွားလိုက်ချင်တယ် ... သူ့ရဲ့လှည့်စားနိုင်သမျှအရာအားလုံးနဲ့ ကျွန်တော့်နှလုံးသားကို ကိုင်ရိုက်နေပေမယ့်လည်း သူစာနာရကောင်းမှန်းမသိပါ ... ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး ... ကျွန်တော့်နှလုံးသားကို နာနာရိုက်လေလေ သူပိုလို့တုတ်နှောင်ထားနိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်ထင်တယ် ... ကျွန်တော်က သူ့အတွက် အရုပ်တစ်ရုပ်မဟုတ်ဘူးလို့ပြောခဲ့တာ သူကိုယ်တိုင်ဆိုတာကို ကျွန်တော်မေ့လျော့ချင်လာမိပြီ ...
*Ting Ting
တုန်ခါလာတဲ့ vibrate အသံနဲ့အတူ လင်းလာတဲ့ screen ပေါ်မှာ msg တစ်စောင်ရောက်လာတယ် ...
*sorry ! ကျွန်တော် ဒီနေ့ ကျောင်းပြန်မလာနိုင်တော့ဘူး
ရေခဲရိုက်ထားသလို ထုံကျဉ်နေပြီဖြစ်တဲ့ နှလုံးသားအတွက် အနူးညံ့ဆုံးသောသတ်နည်းတွေကို ရွေးထုတ်ထားသလို ပါးပါးလေး ကျွန်တော့်ကို ဘေးပုတ်လိုက်တဲ့ စာတစ်စောင်ကို နာကျင်စွာ စိုက်ကြည့်နေမိတယ် ...
KAMU SEDANG MEMBACA
Reject
Fiksi Remajaplz reject my valueless love and then leave my heart in the silent and dark place...