Episode - 26 (Don't be PAINFUL!)

3.6K 409 37
                                    

(Zawgyi)
ညစ်ထွေး နွမ်းလျနေတဲ့ စိတ်အာရုံကို ငြိမ်ငြိမ်ထိုင်ပြီး စဉ်းစားနေရရင် တဖြေးဖြေးနဲ့ရူးသွားနိုင်တယ် ...
ကိုယ်ခန္ဓာကို လန်းဆန်းမှူအသစ်တစ်ခုပေးရင် အနည်းငယ်တော့ ရှုပ်ထွေးနေတာတွေ ပြေလျော့သွားလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ ရေကူးကန်ထဲမှာ လက်အံတွေညောင်းလာတဲ့ဆီထိ အချိန်အတော်ကြာကူးခတ်နေမိတယ် ...

အောက်စီဂျင်မလုံလောက်တော့ဘဲ မွန်းလာတဲ့အချိန်ရောက်တော့ ရေပေါ်ပြန်ပေါ်လိုက်ကာ ... အသက်ကိုဝဝရှူလိုက်ပြီး အပေါ်ပြန်တက်လာလိုက်တယ် ... လက်နှစ်ဖက်ကလည်း ညောင်းညာလာပြီး ခြေထောက်တွေလည်း အနည်းငယ်လေးလံနေပြီ ...

ခုံပေါ်မှာတင်ထားခဲ့တဲ့ သဘတ်တစ်ထည်ကိုယူလိုက်ပြီး ခေါင်းကိုရေတွေစင်အောင်သုတ်နေရင်း ... ဘေးက ဖုန်းကိုယူကြည့်လိုက်တော့ ... missed call အချို့ကရှိနေတယ် ... ကျွန်တော် မနေ့ကတည်းက သူ့ဖုန်းကိုမကိုင်မိတာ ...

စိတ်ပျက် လက်ပျက်နဲ့ ထိုင်ခုံပေါ်ထိုင်ချလိုက်မိတယ် ... အရာရာကိုဆုံးရှုံးနေသလို ဟိုးအောက်ဆုံးရောက်နေတဲ့ ခံစားချက်က ... တွေးလိုက်မိတိုင်း ရင်ကိုအထပ်ထပ်ဓားနဲ့မွှန်းနေသလို ...
မွန်းကျပ်လွန်းလို့ ထွက်ပေါက်တွေကိုသာ လိုက်ရှာကြည့်နေချင်တယ် ...

"ဒီရောက်နေတာကိုး"

အတွေးနယ်ပယ်ထဲမှာ လွှင့်မျောနေတဲ့ စိတ်အစုံကြောင့် အနားရောက်လာတဲ့ ခြေသံကိုတောင် မကြားမိလိုက် .. ရုတ်တရတ် ဘေးဘက်ဆီကမှထွက်လာတဲ့ အသံကိုကြားမှ ကျွန်တော် ချက်ချင်းမော့ကြည့်မိလိုက်တယ် ...
အချိန်ကြာကြာ ပြေးမနေနိုင်တာ သိပေမယ့် ... သူ့ကိုလည်း လိုက်မရှာစေချင် ...

"အင်း ..."

"မနေ့က ဘာမှမပြောဘဲ ဘာလို့ပြန်သွားတာလဲ"

ကျွန်တော် ခဏတာ ဆိတ်ငြိမ်နေမိတယ် ... ပြောပြစရာကလည်း ရေရေရာရာမရှိတာကိုး ...

"ငါ့ကိုရှောင်ချင်နေတာများလား"

မှန်ကန်လုနီးပါး မေးခွန်းတစ်ခုကြောင့် ကျွန်တော် သူ့ကိုကြည့်လိုက်မိတယ် ... စိုးရိမ်စိတ်လေးအနည်းငယ်ကတော့ ပြောစရာမလိုအောင် ကပ်ငြိပါသွားလိမ့်မယ် ...

RejectTempat cerita menjadi hidup. Temukan sekarang