Episode - 5 (...Deflexion...)

5.7K 543 13
                                    

(Zawgyi)

မနက်အိပ်ယာ အစောထရမှာ အပျင်းကြီးလွန်းလို့ ကျောင်းအမြဲတမ်းနောက်ကျတတ်တဲ့ ကျွန်တော် မနက်ငါးနာရီတည်းက နိုးနေမိတယ် ... ကျွန်တော် ဒီထက်ပိုပြီးလည်း မအိပ်ချင်တော့ဘူး ... ဘာလို့များ ကျွန်တော့်အိမ်မက်ထဲထိတောင် သူ လိုက်အနှောင့်အယှက်ပေးနေရတာလဲ ... ကျွန်တော် သူ့ကို အိမ်မက်ထဲမှာတောင် မမြင်ချင်ဘူး ...

ohsehun သူ ကျွန်တော့်ဘဝထဲကို  ဘာလို့ ဒီလိုပုံစံနဲ့ ဝင်လာတာလဲ ...

စိတ်ရော ကိုယ်ရော ညစ်ပေရှုပ်ထွေးနေသလို ခံစားချက်ကြောင့် နာရီဝက်ကျော်လာတဲ့ ဆီထိ ရေချိုးတာကို မရပ်ချင်သေး ...
ရေပန်းကို ထပ်လှည့်ဖွင့်လိုက်ရင်း... ရှုပ်ထွေးနေတဲ့စိတ်ကြောင့် သက်ပြင်းခပ်ယဲ့ယဲ့ချလိုက်မိတယ် ...

သူ့နာမည်နဲ့သူ့မျက်နှာ ... ကျွန်တော် ဘာလို့ ရင်းနှီးနေတယ်လို့ ခံစားရတာလဲ ... သူ့နာမည်ခေါ်လိုက်တိုင်း ကျွန်တော့်စိတ်ထဲ တစ်ခုခုက တိုးဝင်လာတယ် ... အဲ့အရာ ဘာလဲ ကျွန်တော် စဉ်းစားလို့မရဘူး ... ကျွန်တော့်မှတ်ဥာဏ်တွေ မကောင်းသေးဘူးထင်တယ်...ma ဆုံးသွားပြီးနောက်ပိုင်း စိတ်ထိခိုက်မှုကြောင့် နာတာရှည် အပြင်းဖျားနာခဲ့ရာကနေ ... ကျွန်တော် မှတ်ဥာဏ်တချို့ ပျောက်ဆုံးသွားခဲ့ဖူးတယ် ... နောက်မှ ပြန်မှတ်မိလာခဲ့တဲ့ မှတ်ဥာဏ်တွေထဲ တချို့ကတော့ ဝေဝါးနေဆဲပဲ ... သူက အဲ့ဝေဝါးနေခဲ့တဲ့ အတိတ်ထဲက မှတ်ဥာဏ်တစ်ခုများလား ...

သိခဲ့ရင်တောင် ... သူနဲ့ပတ်သတ်တာ တစ်စွန်းတစ်စမှ ရှာမရတော့... အရမ်းမှတ်မိနေတဲ့ သူတော့ မဟုတ်လောက်ဘူးထင်ပါတယ် ...

သူ ဘယ်သူလဲ ...
ohsehun သူက ဘယ်သူလဲ ...
သူ ဒီလိုတွေ လုပ်နေရတဲ့ ရည်ရွယ်ချက်က ဘာလဲ ...
အခုထိ သူ့အကြောင်းနဲ့ ပတ်သတ်ရင် ဃဃနန ကျွန်တော် ဘာမှမသိပါ ... သိလည်းမသိချင်သလို ကိုယ်နဲ့မဆိုင်ဘူးလို့လည်း တွေးထားခဲ့တဲ့ လူတစ်ယောက်ဘဝအကြောင်းကို သိအောင်လည်း ကျွန်တော်မကြိုးစားချင်ပါ ...

ဒါပေမယ့် ... သူ ကျွန်တော့် ဘဝထဲကို ဝင်ရှုပ်လာခဲ့ပြီ ...

မနေ့ညက ...
ကျွန်တော် သူ့အရိုးတွေကို တစ်ဆစ်ချင်း ဖြုတ်ပစ်ချင်လောက်အောင်ထိ ဒေါသထွက်ခဲ့ပေမယ့် ... တကယ်တမ်းကျတော့ ကျွန်တော် ကြောင်အအ ဖြစ်ခဲ့တာ ...

RejectDonde viven las historias. Descúbrelo ahora