Episode - 14 (A rope)

4.2K 443 11
                                    

(Zawgyi)

လူတစ်ယောက် ~
ဆေးလိပ်ငွေ့ ~
နာနာကျင်ကျင်နဲ့ စိုက်ကြည့်လာခဲ့သော မျက်ဝန်းတစ်စုံ ~
အားလုံးဟာ တစ်လှည့်စီ ဝိုးတိုးဝါးတား မျဉ်းပြိုင်များလို သူယှဉ် ငါယှဉ် အပြိုင်အဆိုင် ပုံရိပ်ငယ်များအဖြစ်ကျွန်တော့်ကို အချိုးမကျစွာ မြင်ယောင်နေစေတယ် ~

စေးကပ်လာတဲ့ အာခေါင်ကနေ အသံတွေဖြစ်ညှစ်ထုတ်ကြည့်ချင်ပေမယ့်လည်း ကျွန်တော့်ကိုတင်းကြပ်စွာ တစ်စုံတစ်ခုချည်နှောင်နေတယ် ~ ရင်ထဲလှိုက်ဖို မွန်းကြပ်လာရင်း ထွက်ပေါက်တစ်ခုကို အမြန်ဆုံးရှာတွေ့ဖို့ရာ မျက်ခွံတွေက အရမ်းကိုလေးလံလွန်းနေတယ် ~

ချောက်အနက်ကြီးထဲ ထိုးကျသွားသလို ခံစားရပြီးတဲ့နောက် ! အတင်းပိတ်ထားတဲ့ တံခါးတစ်ချက်ပွင့်သွားသလို ကျွန်တော် အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လာရတယ် ...

ခေါင်းထဲ ထိုးဆစ်ကိုက်လာကာ ကွဲထွက်တော့မတတ်ဖြစ်လာတဲ့ ဦးခေါင်းကို သက်သာလိုငြား လက်နဲ့ဖိထားလိုက်ချင်ပေမယ့်လည်း စိတ်အလိုလောက် လက်ချောင်းများကို မရွေ့လျားနိုင် ...

နောက်တစ်ကြိမ် မျက်စိကို အတင်းဖိပိတ်ပြီး ပြန်ဖွင့်လိုက်တော့မှ မျက်နှာကျက်တစ်ခုကို ကွဲပြားစွာ မြင်တွေ့လာရတယ် ... အခုမှ လက်ချောင်းတွေကို သေချာရွေ့လျားနိုင်တော့တယ် ... စေးကပ်နေတဲ့ အာခေါင်ကြောင့် ရေဆာလာတာနဲ့ ရေဘူးက စားပွဲဘေးမှာ ရှိနေတာမို့ ကျွန်တော် ကုန်းရုန်းပြီးထလိုက်တယ် ... ပူလောင်နေပြီဖြစ်တဲ့ ကျွန်တော့်စိတ်တွေက အေးမြတဲ့ ရေအေးအေးတစ်ခွက်နဲ့သာ ခဏထိန်းထားနိုင်မယ်ထင်တယ် ...

လည်ချောင်းအပြည့် ရေကို မော့သောက်ချလိုက်တယ် ... အနည်းငယ် တည်ငြိမ်စပြန်ပြုလာတဲ့ စိတ်ကိုသတိထားကာထိန်းရင်းနဲ့ပဲ ခေါင်းထဲက တဆစ်ဆစ်ဝေဒနာက တဖြေးဖြေးပြေပျောက်လို့လာတယ် ...

ကျွန်တော့်အိမ်မက်ကို ကျွန်တော် ပြန်လည်ကြောက်ရွံ့မိတယ် ... ဒီလိုမြင်ကွင်းမျိုးကို မှတ်ဉာဏ်ထဲမှာ ကျွန်တော် မြင်တွေ့ခဲ့ဖူးတယ် ... သေချာတယ် ... ဒါအိမ်မက်တစ်ခုထက် ပိုနေတဲ့ အတိတ်တစ်ခုဆိုတာ ...

RejectTempat cerita menjadi hidup. Temukan sekarang