(Zawgyi)
ကျေးဇူးပြုပြီး ...
ချိန်ရွယ်နေတဲ့ ဓားသွားတွေရဲ့ဦးချွန်က
တစ်ဖက်တည်းကိုသာ ဦးတည်ရှိနေပါစေ ...>>
တစ်ခါ တစ်ခါ ကျွန်တော့်စိတ်တွေက ထိန်းချုပ်မှု မဲ့လာသလို ခံစားရလာတဲ့ ဒဏ်ကို ကျွန်တော် သည်းမခံနိုင်ဘူး ...
အဲ့ဒီစိတ်တွေကို သင်္ကာမကင်းဖြစ်နေရတဲ့ ကိုယ့်ကိုယ်ကိုယ် ပိုလို့အသုံးမကျသလိုခံစားရတယ် ...
ကျွန်တော် သူ့ကို ပထမဦးဆုံးအကြိမ် ရှောင်တိန်းချင်လာတယ် ...ဒါပေမယ့်...
ကျွန်တော့်မှာ နောက်ဆုတ်လိုက်ဖို့ စိတ်ကူးမှာ မြူမှုန်လောက်တောင်မရှိ ...
ကျွန်တော် သူ့ကို အခူတလော အကြောင်းပြချက်မရှိ ပိုမုန်းလာမိတယ် ...
အစီအစဉ်အတိုင်းမဟုတ်ဘဲ ကျွန်တော် အရမ်းအလျင်လိုခဲ့ပေမယ့်လည်း ကျွန်တော် ဒီအတိုင်း ဆက်လျှောက်ဖို့သာ ရည်ရွယ်ချက်ရှိတယ် ... ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့စိတ်ထဲမှာ ကျွန်တော့်ကိုသာ အမှတ်ရနေမယ်ဆိုရင်ကို ကျွန်တော့်ဆန္ဒတွေတင်းတိန်လာလိမ့်မယ်လို့ တထစ်ချယုံကြည်တယ် ...ကျောင်းတက်ခေါင်းလောင်းထိုးခါနီးဆီထိတောင် ခုထိ နေရာလွတ်ဖြစ်နေတဲ့ ဘေးခုံကို တစ်ချက်ကြည့်လိုက်ပြီး ... သူပြောခဲ့တဲ့ စကားတစ်ခွန်းကို ဖြတ်ကနဲ သတိရလိုက်မိတယ်
*မင်း ငါ့ကို အဲ့လောက်အထင်သေးလား Sehun...*Hak ...
လေးနက်လွန်းတဲ့စကားတစ်ခွန်းကို သူမေးခွန်းထုတ်ခဲ့တာပဲ ... ကျွန်တော်က သူ့ကို အထင်သေးမိတဲ့ဆီထိတော့ ပေါ့သေးသေးလို့ မတွေးခဲ့မိဘူး ... အထင်သေးမိတာ ကျွန်တော့်ကိုကျွန်တော့်ပါ ... သူ့ဆီက ဒီလိုစကားတွေကို အချိန်တိုတွင်းမှာ ကြားနိုင်လောက်အောင်ကို ကျွန်တော့်လုပ်ရပ်တွေမသပ်ရပ်ခဲ့တာ ...ကျောင်းတက် bell တီးသံ ထွက်ပေါ်လာတော့ ကျောင်းသားအားလုံး စုရုံး စုရုံးဖြစ်နေရာကနေ ကိုယ့်နေရာကိုယ် ထိုင်ကြတယ် ...
လွတ်နေတဲ့ ထိုင်ခုံကို ကျွန်တော် ထပ်ကြည့်နေမိတယ် ... ဘာလို့မလာတာလဲဆိုတဲ့ မေးခွန်းတွေ ကျွန်တော့်ခေါင်းထဲမှာ ပွတ်သိပ်ကျပ်နေတယ် ...
သူနဲ့ကျွန်တော် ပိုပြီးနီးစပ်ဖို့အတွက် နေ့တိုင်းနီးပါးက အတူရှိနေမှဖြစ်မှာ ... ဟုတ်တယ် ... သူမလာဘဲနေလို့တော့ ကျွန်တော့်ကြိုးစားချိန်တွေ အပုတ်မခံနိုင်ဘူး ...
KAMU SEDANG MEMBACA
Reject
Fiksi Remajaplz reject my valueless love and then leave my heart in the silent and dark place...