Episode - 8 (Changed)

4.9K 444 6
                                    

(Zawgyi)

တစ်ကိုယ်လုံး အေးစက်နေသလို ခံစားရနေပေမယ့် မျက်နှာပြင်တစ်ဝိုက်မှာနွေးထွေးမှုတစ်ချို့က လာရောက်ထိတွေ့နေတာကြောင့် ထင်သလောက် အေးစိမ့်မနေပါ ...

တဖြေးဖြေးမှိတ်ထားတဲ့ မျက်လုံးတွေပေါ် ခပ်စူးစူးအလင်းရောင်ကြောင့် အိမ်မက်နဲ့အပြင်လောကနဲ့ ကပ်လိုက်ကွာလိုက်ဖြစ်နေတဲ့စိတ်တွေ အသိဝင်လာတာနဲ့ အဖြစ်အပျက်တစ်ချို့က ကျွန်တော့်ကိုအိပ်ရာကနေနှိုးထစေတယ်...

စူးရဲနေတဲ့ နေရောင်ကြောင့် အိပ်ရာနှိုးနှိုးချင်းမျက်လုံးကို ဖွင့်ရတာတော့ သိပ်အဆင်မပြေချင် ... မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ကုတင်ခြေရင်းဘက်က မှန်နဲ့ကာထားတဲ့ နံရံရဲ့ အပြင်ဘက်ဆီမှ ရှုခင်းတွေကြောင့် ကျွန်တော် လန်းဆန်းလာသလို ခံစားရတယ် ...
လိုက်ကာလေးလှပ်ထားပြီး မှန်အကြည်တွေနဲ့ကာထားတဲ့ နံရံငယ်တွေကတစ်ဆင့်မြင်နေရတဲ့ စိမ်းလန်းတဲ့ ရှုခင်းတစ်ခုက ထိုင်းမှိုင်းနေတဲ့ ကျွန်တော့်အတွက် အားဆေးတစ်မျိုးလိုပါ ... ခရစ်စမတ်သစ်ပင်လို ထင်ရှူးပင်ခပ်ငယ်ငယ်လေးတွေရံထားတဲ့ ဘေးဘီဝဲယာနဲ့ အလယ်နေရာတစ်ချို့မှာ ပန်းပင်လေးတစ်ချို့တော့ရှိပေမယ့် အစိမ်းရောင် ဥယျာဉ်သပ်သပ်ဖြစ်အောင် ပြင်ဆင်ထားမှန်း သိသာတယ် ... ရေကူးကန်ထဲက ရေပြာရောင်တွေက ထပ်မံပံ့ပိုးထားတော့ မြို့ငယ်လေးတစ်ခုကို အမြင့်တစ်နေရာကနေ ကြည့်နေရသလိုပင် ...

Oh sehun ...
ဒီလိုမြင်ကွင်းမျိုးကို နေ့တိုင်းမြင်နေရတာတောင် သူ့စိတ်တွေက နူးညံ့မလာပါလား ...

ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ကျွန်တော် တွေးမိတယ် ... သူ ဒါမျိုးကိုရော တစ်နေ့ဘယ်နှစ်ခေါက်လောက်ကြည့်လဲ...သတိရော ထားမိပါ့မလား ...
ကျွန်တော် အနောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ မြင်ကွင်းထဲရောက်လာတဲ့ အဖြူရောင်ကုတင်တစ်လုံးနဲ့ အခန်းအကျယ်အဝန်း ...
ဒါ သူ့အခန်းတဲ့လား ....

ညက ပုံရိပ်တစ်ချို့က အတွေးထဲမှာ ရောင်ပြန်ဟပ်လာတော့ ကျွန်တော် မျက်နှာတွေပူထူလာမိတယ် ...ကျွန်တော့်နှုတ်ခမ်းနဲ့ထိတွေ့ခဲ့တဲ့ နှုတ်ခမ်းပါးတစ်စုံကို ကျွန်တော် ပြန်မတွေးဘဲမနေနိုင်ဘူး ... ပြန်တွေးမိတိုင်း ရင်မခုန်ဘဲမနေနိုင်ဘူး ... အခုတလော ကျွန်တော်အရမ်းကိုပျော့ညံ့လွန်းတယ် ခံစားချက်တွေသိပ်လွယ်တယ် ... မှီတွယ်ချင်စိတ်တွေများလာတယ် ... ကျွန်တော် ကြောက်တတ်လာပြီဆိုတာ မနေ့ညကမှသိခဲ့တယ် ...

RejectWhere stories live. Discover now