Episode - 48 (A burden...)

869 85 15
                                    


(Zawgyi)

ကျွန်တော် Korea ကို ပြန်ရောက်လာရတဲ့
အဓိကရည်ရွယ်ချက်က ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်နေပါစေ အဖေ့ဆီမှာ ခုတုံးလုပ်ခဲ့တဲ့ ဆင်ခြင်ကောင်းတစ်ခုက လုပ်ငန်းစုတစ်ခုမှာ ရင်းနှီးမြုပ်နှံဖို့ကိစ္စပင် ~

ဒီအတွက် စာချုပ်ကိစ္စတွေနဲ့ ညှိနှိုင်းမှုတွေ ဒီနေ့ တစ်နေကုန်လုပ်အပြီး hotel ကို ပြန်ရောက်လာတော့ ခြေလက်တွေ မသယ်ချင်လောက်အောင် အရမ်းကိုပင်ပန်းနေပြီ

ကားကို ပါကင်ထိုးဖို့ hotel အပေါက်ဝမှာ အဆင်သင့်စောင့်နေတဲ့ကောင်လေးတစ်ယောက်ကို ပေးလိုက်ပြီးနောက် အထဲကိုဝင်လာတော့ reception က ဝန်ထမ်းကောင်မလေးတစ်ယောက်က စကားတစ်ခွန်းနဲ့ ဆီးကြိုလာတယ်
"ဧည့်သည်ရောက်နေတယ်"တဲ့

သူမ ညွှန်ပြတဲ့ ဧည့်ဆောင်နေရာကိုကြည့်လိုက်တော့ ကျွန်တော် မထင်မှတ်ထားတဲ့သူတစ်ယောက်ဖြစ်နေတယ်
ကျွန်တော် စိတ်ကိုအဆင်သင့်ပြင်ထားသင့်တဲ့ ဒီလို အချိန်မျိုးက ဒီလောက်ထိမြန်နေတယ်ဆိုတာက ပိုအံ့အားသင့်စေတာပေါ့

"မင်္ဂလာပါ Mr.Xiao Yang"

ယဉ်ကျေးမှုအရ ထိုင်နေရာကနေထကာ ခေါင်းလေးနည်းနည်းညွှတ်ပြရင်း သူမ ကျွန်တော့်ကို နှုတ်ဆက်လာတယ်
မျက်နှာမှာ အပြုံးအရယ်မရှိတာတောင် ခပ်ချိုချို မျက်နှာပေါက်မျိုးကို ပိုင်ဆိုင်ထားသူမို့ လန်းလန်းဆန်းဆန်းတော့ရှိလှတယ်

"ဟုတ်ကဲ့ ဘာကိစ္စများရှိလို့ပါလဲ"

တောင်ကိုရီးယားရဲ့ ထိပ်တန်း သတင်းမျိုးတွေမှာသာ ပါလာတတ်ပြီး ခေတ်သစ်မိဖုရားနေရာအဖြစ်တောင် သမုတ်ခံရတဲ့ Ohsehun ရဲ့ သတို့သမီးလောင်းက Oh လုပ်ငန်းစုပိုင် hotel တစ်ခုအတွင်းမှာတင် CEO ပေါက်စလေးဆိုပြီး ဒီ hotel ကိုရောက်လာပြီးရက်အနည်းငယ်မှာတင် ချစ်စနိုးနာမည်တစ်ခုအပေးခံထားရတဲ့ ကျွန်တော်နဲ့ ဒီလို လူအမြင်မှာ မျက်နှာချင်းဆိုင်နေရတာဟာ အားလုံးရဲ့ အာရုံစိုက်ခြင်းကို တဖြေးဖြေးနဲ့ ဆွဲယူနေသလို ဖြစ်စေတယ်

ကြာလာရင် ဒီအကြောင်းဟာ Ohsehun ဆီရောက်သွားမှာက အသေအချာပဲကို သူမ ဘာကြောင့်များ ကျွန်တော့်ကို ဒီပုံစံနဲ့တွေ့ဖို့ကြိုးစားတယ်လဲ

RejectWhere stories live. Discover now