Episode - 51 (Disallow Words)

1.3K 130 22
                                    


(Zawgyi)

"ဒါ... ဒါ ဘာဖြစ်နေကြတာလဲ !! "

လှုပ်ရှားမှုတွေအားလုံး ရပ်တန့်သွားလောက်အောင်ထိ လုံလုံလောက်လောက်ကျယ်လောင်စွာထွက်ပေါ်လာတဲ့ အသံရဲ့နောက်ကွယ်မှာ မုန်တိုင်းတစ်ခုက ကြမ်းတမ်းစွာ ဝင်ရောက်လာပြီထင်တယ်

ရှက်ရွံ့မှုကြောင့်လို့ ပြောရမလား မသိမသာတုန်သွားတဲ့ ကျွန်တော့်ရှေ့ ကြောင်ငေးနေရာကနေ ချက်ချင်း အသိပြန်ဝင်လာတဲ့သူက ပိတ်ရပ်လိုက်တယ်

သူ ကျွန်တော့်ကို ကာကွယ်ပေးတယ်လို့ ပထမဦးဆုံးခံစားမိခြင်းပဲ ~

"Nina shi ~ "

"ရှင်းပြပါဦး sehun
ငါ အခုချိန်ထိ ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရဦးမယ့် အကြောင်းအရင်း"

ကျွန်တော့်အရှေ့မှာ ကာပြီး ရပ်နေရုံအပြင် ဘာတစ်ခွန်းမှ မဟဘဲ တုတ်တုတ်မှမလှုပ် ငြိမ်သက်နေတယ် ~
ဒီလို ငြိမ်သက်နေခြင်းက သူမရဲ့ဒေါသကို ပိုဆွပေးရာပဲရောက်လာစေတယ်

"ဘာလဲ ! ဘာလို့ငြိမ်နေတာလဲ ! ဒီလိုနေရာမှာတောင် ဒီလူနဲ့ ဒီလိုလုပ်ဖို့ ဆေးရုံလာတဲ့လမ်းမှာ ရောက်နေတဲ့သူကို စကားတောင်ဆုံးအောင်မပြောခိုင်းဘဲ လှည့်ပြန်ခိုင်းပြီး ဖုန်းချပစ်ခဲ့တာပေါ့ ! "

"တောင်းပန်ပါတယ် ~ "

အပြောသင့်ဆုံးစကားလည်းဖြစ်သလို ဒီအချိန်ရောက်မှ အသုံးမဝင်ဆုံးစကားဆိုတာလည်းဟုတ်တဲ့ စကားတစ်ခွန်းက အခုမှ တိုးညင်းစွာထွက်လာတယ်

"လွန်ခဲ့တဲ့ ၆ နှစ်ကျော် နင်နဲ့စတွဲတဲ့အချိန်နည်းနည်းကြာတော့ ငါ နင်တို့နှစ်ယောက်အကြောင်းကို ရိပ်မိခဲ့တယ်
လက်ခံပေးနိုင်ဖို့ အချိန်ယူခဲ့ရပေမယ့် နင်ပျော်ရင်ပြီးရောဆိုတဲ့ စိတ်တစ်ခုနဲ့နားလည်ပေးခဲ့တယ် sehun က စွန့်လွှတ်မယ်ဆိုရင်တောင် လက်ခံပေးနိုင်ဖို့ လက်လွှတ်ပေးနိုင်ဖို့ထိ ပြင်ဆင်ခဲ့တယ် !
တခြားတစ်ယောက်ကိုပဲ တမ်းတနေတဲ့ ကိုယ့်ချစ်သူဘေးမှာ နှစ်တွေအများကြီး နှစ်သိမ့်ပေးရင်း နေပေးခဲ့တယ်
ဒါတောင် မလုံလောက်ဘူးလား ဘယ်လောက်ထိ ဘယ်အချိန်ထိ သည်းခံပေးနေရဦးမှာလဲ !!"

RejectTempat cerita menjadi hidup. Temukan sekarang