Episode - 13 (Just like DREAM)

4.6K 452 22
                                    

(Zawgyi)

*sorry ! ကျွန်တော် ဒီနေ့ ကျောင်းပြန်မလာနိုင်တော့ဘူး*

Send button လေးကို နှိပ်ပြီးသွားတဲ့နောက် ... ဒီ msg ကို တစ်ဖက်ကနေ ကြည့်နေမယ့် သူ့မျက်နှာကို အတွေးထဲမြင်မိတယ် ... နာကျင်သွားမှာလား Luhan ?

လူတစ်ယောက်ကို ယုံကြည်ပြီးလို့ ... သစ္စာပြန်ဖောက်ခံရတဲ့ နာကျင်မှုဟာ အရမ်းကိုပြင်းရှတယ်ဆိုတာ ခံစားကြည့်တတ်သွားမှာလား ...

"Sehun na ! ဘာလုပ်နေတာလဲ ! ရော့ ဒီမှာ ကော်ဖီ"

အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီ နှစ်ခွက်ကို ကိုင်လာပြီး ပါးချိုင့်ရေးရေးလေးနှစ်ဖက် ပေါ်သွားတဲ့အထိ ပြုံးပြရင်း လျှောက်လာတဲ့သူမကို ကျွန်တော် ကြင်နာစွာ စိုက်ကြည့်လိုက်ပြီး ... တပြိုင်နက်တည်း ဖုန်းကိုလည်း သိမ်းလိုက်တယ် ... အိမ်နေရင်း ပေါ့ပေါ့ပါးပါး ရှပ်အဖြူနဲ့ ဂျင်းပြာဘောင်းဘီအတိုကိုတွဲပြီးဝတ်ဆင်ထားတာတောင် သူမ ကျွန်တော့်မျက်စိထဲ ရိုးရှင်းစွာ လှလွန်းနေတယ် ...

"ကော်ဖီအနံ့လေးက မွှေးနေတာပဲ ..."

ကျွန်တော့်ရှေ့ချလာပေးတဲ့ ကောဖီခွက်ကို အသာလှမ်းကိုင်လိုက်ပြီး ဖျော်လာပေးတဲ့ သူမ ကျေနပ်အောင် တစ်ငုံသောက်လိုက်တယ် ... သူမကတော့ သူဖျော်လာပေးတဲ့ ကော်ဖီကို အရသာခံပြီးသောက်နေတဲ့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ် ...

ပြုံးလိုက်တိုင်း ပေါ်ပေါ်လာတဲ့ ပါးချိုင့်လေးနှစ်ဖက်ကို အသည်းယားလာတာနဲ့ သူမပါးလေးကို ဖွဖွလေးလှမ်းဆွဲလိုက်တယ် ...

"အိမ်ထဲမှာပဲ နေရမှာက ပျင်းစရာကြီး ! အပြင်လျှောက်လည်ရအောင်လေ ပထမဦးဆုံး dating ပေါ့"

"ရှားရှားပါးပါး နားရက်လေးဆိုတော့ အပြင်သွားရင် noona ပင်ပန်းမှာစိုးလို့ရယ်"

"ရပါတယ် ... Sehun သာ ဘေးမှာရှိရင် အရာအားလုံးအဆင်ပြေတယ် "

မျက်နှာလေးနဲ့လိုက်အောင် ချစ်စရာစကားတွေ အမြဲပြောတတ်တဲ့ သူမကို ကျွန်တော့်ရင်ခွင်ထဲထည့်ကာ ထွေးပွေ့ထားမိတယ် ...

"ကောင်းပြီလေ ... အဲ့ဒါဆိုလည်း သွားတာပေါ့"

"အင်း ... အဝတ်အစားသွားလဲလိုက်ဦးမယ် ခဏစောင့်နော်"

RejectWhere stories live. Discover now