Episode - 9 (Don't let me)

5.2K 475 17
                                    

(Zawgyi)

အချိန်ကျလာလို့ ပွင့်ချင်လာတဲ့ မျက်လုံးတွေကြောင့် လွန့်လွန့်လူးလူးဖြစ်ကာ နိုးလာပြီး လှုပ်ရှားလိုက်တာနဲ့ ခါးရိုးတစ်လျှောက်က နာကျင်မှုကြောင့် ခဏလေးပြန်ငြိမ်နေလိုက်တယ် ...

မျက်လုံးကို အနည်းငယ်ဖွင့်အာ ကြည့်လိုက်ပြီး ထူးဆန်းလွန်းတဲ့ ခံစားချက်တစ်ခုကြောင့် မနက်ခင်းလေးဟာ သာယာပြီးအရမ်းနွေးထွေးနေတယ် ... နေလာရင်းနဲ့ ကျွန်တော့်အတွက် ဒီလိုမနက်ခင်းမျိုးလေးလည်း ရှိလာသားပဲ ...

ကျွန်တော့်ဘေးမှာ ခုချိန်ထိ အိပ်ပျော်သေးနေတဲ့ သူ့ကို လှမ်းကြည့်လိုက်တယ် ... အနည်းငယ်မှောင်နေပေမယ့်လည်း ရှိနေတဲ့အလင်းရောင်လေးတစ်ချို့ဖြာကျနေတဲ့ သူ့မျက်နှာလေးက ကြည်လင်နေကာ အခုတော့လည်း ကလေးတစ်ယောက်လိုပဲ အပြစ်ကင်းစင်တယ်လို့ပြောရမလား ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက် နွေးထွေးတယ်ဆိုတဲ့ ခံစားချက်ကတော့ မပြောင်းလဲပါဘူး ...

တစ်စုံတစ်ယောက် အိပ်ပျော်နေချိန်မှာ ခိုးကြည့်ရတာလေးတောင် ဒီလောက်ရင်ခုန်ဖို့ကောင်းတာ တော်တော်တော့ ထူးဆန်းတာပဲ ... ပထမဦးဆုံး အတွေ့အကြုံတွေမို့ အားလုံးသော ခံစားချက်တွေက ကျွန်တော့်အတွက် တကယ်ကို ထူးဆန်းနေတယ် ...

ကြည်နူးမှူ
ပျော်ရွှင်မှူ
နွေးထွေးမှူ
အရာအားလုံးဟာ တဖြေးဖြေး ကျွန်တော့်ဆီနီးကပ်လာတယ် ... ထွက်ပြေးဖို့ မရုန်းကန်နိုင်တော့လို့ မိရင်မိပါစေတော့ဆိုပြီး ကျွန်တော် ရပ်နေမိပြီလား ... အဲ့ဒီ့ရဲ့ နောက်ဆက်တွဲ အဓိပ္ပာယ်က ဘာဆိုတာ သိရဲ့သားနဲ့တောင်လေ ... ကျွန်တော် ခံစားရတဲ့အထဲမှာ ယုံကြည်မှုဆိုတာမပါသေးဘူး ... အဲ့အချက်မရှိလည်း ရတယ်ဆိုတဲ့ ခိုင်မာမှုတစ်ခုကလည်း ကျွန်တော့်နှလုံးသားကို တံခါးခေါက်နှင့်နေပြီ ...

တစ်ခုဆုံးဖြတ်ပြီးရင် နောက်ဆုတ်ဖို့ခက်တဲ့ ကျွန်တော့်ကို သူကရော အပြည့်အဝ လက်ခံပေးမယ်တဲ့လား ...

လက်ချောင်းလေးတွေလှုပ်လာပြီး နဖူးကြောတွေကိုကျုံ့လိုက်ကာ အိပ်ရေးမဝသေးပေမယ့်လည်း အတင်းဖွင့်ချင်နေတဲ့ သူ့မျက်လုံးကြောင့် ကျွန်တော့်မျက်လုံးတွေကို ခပ်မြန်မြန်ပြန်ပိတ်ထားလိုက်တယ် ... သူခိုးလူမိဖြစ်လို့တော့ မဖြစ် ... အဲ့တာကိုသိပြီး သူ ပြုံးလိုက်မှာကို ကျွန်တော်ကြောက်တယ် ... ဘာလို့မှန်းမသိ တစ်ခါတစ်လေကျ သူပြုံးမှာကို ကျွန်တော်ကြောက်မိတယ် ...

RejectTempat cerita menjadi hidup. Temukan sekarang