(Zawgyi)
သူ မရှိဘဲ ...
ရက်တွေအများကြီးကို ကျော်ဖြတ်ခဲ့တယ် ...သူမရှိဘဲ ...
အချိန်တွေအများကြီးကို ကျော်ဖြတ်ခဲ့တယ် ...သူမရှိဘဲ ...
ရှေ့ဆက်ခဲ့ရတဲ့ နေ့ရက်တွေမှာ နာကျင်မှုပရပွက သတ္တိတွေအဖြစ်ပြောင်းလဲလာရင်းပေါ့ ...၆ နှစ်ဆိုတဲ့ အချိန်ကာလ ...
အများကြီးပြောင်းလဲသွားခဲ့တယ် ...
ပတ်ဝန်းကျင်ရော ... လူတွေရော ... စိတ်တွေရော ... ကျွန်တော့်နှလုံးသားတစ်ခုပဲ မပြောင်းလဲဘဲကျန်နေသေးတာ ...
ကျွန်တော် မသတ်ရက်တဲ့ သူရှိနေတဲ့နှလုံးသား ...ခင်ဗျား သိလား ...
ကျွန်တော် ခုချိန်ထိ မျှော်လင့်ချက်တွေထားနေတုန်းပဲ ...
အားလုံးက ခင်ဗျားရဲ့လှည့်စားမှုတွေလို့ ကျွန်တော်ထင်နေတုန်း ...ကျွန်တော်လည်း အချစ်ကို ယုံကြည်ခဲ့တဲ့သူပါ ...
ကျွန်တော် မကိုးကွယ်တတ်ခဲ့တာ ...
ကျွန်တော့်အတွက် အခွင့်အရေးတိုင်းက နှစ်ခါမလာတတ်ဘူး ...
ကျွန်တော် ခင်ဗျားနဲ့ပတ်သတ်ပြီး တစ်ကြိမ်လေးတောင် အခွင့်အရေးမရခဲ့ဘူးထင်တယ် ...တစ်ဖက်လမ်းကိုကူးဖို့အတွက် မီးစိမ်းလာတာနဲ့ လူကူးမျဉ်းကြားတစ်လျှောက် ဖြတ်လျှောက်ဖို့ ခြေလှမ်းစလိုက်တာနဲ့ ရုတ်တရတ် ဆိုသလို ခြေထောက်ကို တိုက်မိဖို့ တစ်ထောင်လောက်အကွာမှာ ထိုးရပ်သွားတဲ့ကားကို ကျွန်တော် တစ်ချက်လှမ်းကြည့်လိုက်တယ် ...
လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ပတ်ဝန်းကျင်နဲ့ဆန့်ကျင်ကာ တည်ငြိမ်နေတဲ့ ကျွန်တော့်ကို ကားသမားအပါအဝင် ဘေးကလူတွေကလည်းဝိုင်းကြည့်နေကြတယ် ...ရုတ်တရတ်စိတ်ကြောင့် ကျွန်တော် လန့်တော့လန့်သွားပေမယ့် တိုက်မိမှာကိုတော့ ကျွန်တော် မကြောက်ဘူး ... ကျွန်တော့်အတွက် သေခြင်းတရား ဆိုတာ သိပ်ကိုရင်းနှီးနေသလိုပါပဲလေ ...
အထဲက ကားသမားက တိုက်မိတော့မယ့် ကျွန်တော့်ကိုထက် သူ့နောက်မှာပါလာတဲ့ သူနဲ့ သူ့ကားထိခိုက်မိမှာကိုပဲ စိုးရိမ်နေပုံရတယ် ... ကားသမားကိုသာ မြင်နေရတာမို့ သူ အနောက်ကိုလှည့်ပြီးပြောနေတဲ့သူက ဘယ်လောက်အရေးကြီးတဲ့ပုဂ္ဂိုလ်လဲ ကျွန်တော် မသိပါ ... အလုပ်ကိုလည်း နောက်ကျနေပြီမို့ ကျွန်တော် ရှေ့ကိုသာ ဆက်လျှောက်လာလိုက်တယ် ...
YOU ARE READING
Reject
Teen Fictionplz reject my valueless love and then leave my heart in the silent and dark place...