Episode - 38 (You are copy of my heart)

2.9K 345 20
                                    

(Zawgyi)
မည်းမှောင်နေတဲ့ကောင်းကင်အောက်မှာ အတွေးစအချို့တို့လွင့်ပျံကာ ထိုင်နေမိရင်း အရှေ့မှာရှိနေတဲ့ ပြာလဲ့လဲ့ရေပြင်ထက်က တံလှပ်လေးကိုသာ ငေးကြည့်ပြီး စိတ်ထဲမှာတော့ ကောင်းကင်ပေါ်က လမင်းငယ်လေးလို့သာ မှတ်ယူလိုက်တယ် ~
ရေကူးကန်ရဲ့ဘေးပတ်လည်မှာ စိုက်ထားတဲ့ အပင်ငယ်လေးတွေရဲ့အရိပ်ကိုလည်း ထိုရေပြင်ထက်ကနေပဲ ငေးကြည့်နေမိတယ် ~

ဒီလိုပဲ ~
ကျွန်တော် အစစ်အမှန်ထက် အရိပ်အယောင်လေးတွေကိုပဲ ငေးကြည့်နေတတ်ဖို့ကြိုးစားနေမိပြီ ~

ကျွန်တော်က ...
တကယ်ပဲ ...
အသုံးမကျဘူး ...

ရင်ထဲမှာ တစ်ခါတစ်ရံပေါ်ပေါက်လာတဲ့ တစ်ကိုယ်ကောင်းစိတ်များစွာက ထိန်းချုပ်မှုမဲ့လာခြင်းကြောင့် ဖြစ်ပေါ်လာတာတွေ ...
အလိမ်အညာတွေနဲ့ဖုံးကွယ်လို့ စုစည်းထားတဲ့ထိန်းချုပ်ခြင်းတွေနဲ့ တုပ်နှောင်ထားတဲ့ နှလုံးသားတစ်စုံက အတော်အတန်တော့ အေးစက်မိတော့မှာပေါ့ ... သူ့အရိပ်အယောင်တိုင်းကို ရှောင်ရှားပေးနေမိပေမယ့် ကျောခိုင်းလိုက်ပြီးနောက် နောက်ပြန်လှည့်ကြည့်နေမိဆဲပင် ~

InSong ဆီက Ph call တစ်ခါဝင်ပြီးနောက်ပိုင်း ကျွန်တော့်အတွက်နေရာတစ်ခုကို ကျွန်တော်ကိုယ်တိုင်ပဲ သတ်မှတ်လိုက်မိတယ် ~

**Luhan က မင်းကို သိပ်ဂရုစိုက်တယ် ထင်တယ် ...**

**Tsk ! ဘာတွေလာပြောနေတာလဲ .. ခင်ဗျားမူးပြီးပြောသမျှကိုအရစ်ခံမယ့်သူမဟုတ်ဘူးနော်**

**ငါသိပါတယ် ... Luhan နဲ့ပတ်သတ်နေလို့ မင်းဆက်နားထောင်နေတာမလား**

**ခင်ဗျား လိုရင်းပဲမြန်မြန်ပြောတော့ ! **

**Luhan ငါ့ကို America ကို အရင်သွားခိုင်းနေတယ် ... အဲ့ဒါမင်းကြောင့်ပဲဖြစ်မှာပေါ့**

ကျွန်တော် အဲ့နေ့က ဘာမှပြန်မပြောမိဘဲ အတော်ကြာတော့မှ ဖုန်းချမိတယ် ... call end ကို နှိပ်ဖို့တောင် မေ့နေခဲ့တာဖြစ်မယ် ... ကျွန်တော် ထင်မိခဲ့တယ် ... အဲ့လူပြောသလို ကျွန်တော့်ကြောင့်လ်ို့ပေါ့ ... ဒါပေမယ့် ... အတွေးတွေက အချိန်တစ်ခုကို ပြန်ဖြတ်ကျော်ကြည့်မိတော့ ... မဖြစ်နိုင်ဘူးဆိုတဲ့ အတည်ပြုချက်တွေက တစ်စ တစ်စ တိုးလို့လာတယ် ... သူ ဘယ်တော့မှ ကျွန်တော်ပြောသလို လွယ်လွယ်ကူကူလုပ်ပေးခဲ့တယ်ဆိုတာ မရှိပါ ... တစ်ဘဝလုံးစာနဲ့ရင်းပြီး ကျွန်တော် ခြိမ်းခြောက်ခဲ့တာတောင် သူ့ဘက်က ငြင်းမယ်ဆိုတဲ့ အရိပ်အယောင်လေးတောင် မရှိခဲ့ပါ ...
ဘာကြောင့် အခုမှ သူနဲ့သူ့အဖေကြားက ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချက်ချင်း ရွေးချယ်ခဲ့တာလဲ ? ...
အဖြေက ...
ကျွန်တော့်အတွက်လည်း ခက်ခဲပင်ပန်းခဲ့တယ် ~

RejectМесто, где живут истории. Откройте их для себя