W(6)

2.1K 220 2
                                    

Luhan တစ်​​ယောက်​ ပါ​မောက္ခWu ၏ ရုံးခန်းထဲမှ မှိုရ​သော မျက်​နှာဖြင့်​ ထွက်​လာသည်

ကော်​ရစ်​တာမှာ ​လျှောက်​​နေရင်း ​ပြောမိသည်

"Wah...Daebak...သူသာ ကာတွန်းကြိုက်​မှန်း ​စော​စောက သိခဲ့ရင်​ ငါ့ဘဝကြီး ပိုအဆင်​​ပြေမှာ အခု​တော့ သိသွားပြီ yoyo..."

သူ ဖုန်းကို ဖွင့်​လိုက်​ကာ Dial padမှ No1ကို ဖိနှိပ်​ကာ Appaဆီသို့ ​ခေါ်လိုက်​သည်​ ပြီးမှ....

Arnyi မဖြစ်​​သေးဘူး ဒီလိုဆိုရင်​ ဒုက္ခ​ရောက်​လိမ့်​မယ်​ ဟုတ်​တယ်​ Appaကို ​ပြောလို့မဖြစ်​ဘူး

No5 ကို နှိပ်​ကာ​ခေါ်လိုက်​သည်

Xiumin ကိုပဲ အပူကပ်​ရမယ်​..........ဟင်း ဟင်း

............................W...............................

Xiumin , Mark နဲ့ Taeyongတို့ သုံး​ယောက်​ တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​ပြီး ဘာ​ပြောရမှန်းမသိ
Xiumin တစ်​​ယောက်​ စိတ်​ရှုပ်​ကာ ထိုင်​ခုံ​ပေါ်မှ ထ၍ ​ရှေ့​လျှောက်​လိုက်​ ​နောက်​​​လျှောက်​လိုက်​နဲ့ ဂနာမငြိမ်​ဖြစ်​​နေသည်

ထိုစဉ်​ Xiumin ၏ ဖုန်း Ringtone က ထမြည်​သည်

သူ အလန့်​တကြား သွားကာ ကိုင်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​ Mark နဲ့ Taeyong နှစ်​​ယောက်​စလုံး က အနားကပ်​လာသည်

"Yeobosayo...Xiao Lu...Xiao Lu yaaa"
"Oh!...my chingu Xiumin na....မ​တွေ့ရတာကြာပြီ​နော်​ အလုပ်​​တွေရှုပ်​​နေတယ်​မို့လား ဒီ​နေ့​နောက်​ဆုံးဆို​တော့ အလုပ်​ရှုပ်​​နေမှာ​ပေါ့ ..."

Luhan တစ်​​ယောက်​ ဟိုဘက်​ကဖြတ်​​ပြောလို့မရ​အောင်​ပင်​ စကား​တွေ ​ရေပက်​မဝင်​ပစ်​သွင်း​နေသည်​ Xiumin မှာလည်း ကြားဖြတ်​​ပြောလို့ မရ​အောင်​ တရစပ်​​ပြော​နေ​သော Luhanကို အသံတိတ်​ ကျိန်​ဆဲ​နေမိသည်

Xiao Luတို့က​တော့​ ​ပြော​ကောင်း​ကောင်းနဲ့ ဆက်​​ပြောဆဲပင်

"ငါ​လေ...​မေးစရာ​လေးရှိလို့ အခုကိစ္စက ငါ့ဘဝကြီးနဲ့ လုံးဝ တကယ်​ကို သက်​ဆိုင်​​နေလို့ကွာ ငါ့အတွက်​ တကယ်​အ​ရေးကြီးလို့ Appa ကို သွားမ​ပြောနဲ့​နော်​"

W(Two World)Onde histórias criam vida. Descubra agora