W(11)

1.7K 203 7
                                    

မိုးတဖွဲဖွဲရွာ​နေတဲ့ ​အေးမြတဲ့နံနက်​ခင်းတစ်​ခုမှာ...

Luhanမိုး​အေး​အေးနဲ့ ဆက်​အိပ်​ဖို့လုပ်​​ပေမယ့်​ ​ခေါင်းထဲ ဝင်​လာတဲ့ အ​တွေး​တွေ​ကြောင့်​ မျက်​စိကျယ်​သွားပြီး ဆက်​မအိပ်​နိုင်​​တော့တာနဲ့ ​ဆေးရုံသွားဖို့ တစ်​ခါတည်း​ ပြင်​ဆင်​ထားပြီး အိပ်​ရာ​ပေါ်မှာ ထိုင်​ကာ ​တွေး​နေမိသည်

သူ ကြုံ​တွေ့ခဲ့ရတဲ့ အရာ​တွေက ယုံကြည်​နိုင်​​လောက်​စရာမရှိ

သူ ​ပြောလည်း ဘယ်​သူမှ ယုံမှာ မဟုတ်

ပိုဆိုးသည်​က Appaကပါ ​ပျောက်​​နေသည်

သူ ဒါ​တွေကို ​တွေးပြီး မွန်းကျပ်​လွန်းလို့ ဘယ်​သူ့ကို ဖွင့်​​ပြောရမလဲ

............................W............................

Luhan's Ommaမနက်​စာ စားဖို့ပြင်​​နေတုန်း
တံခါးဖွင့်​သံကြားလိုက်​ရတာနဲ့ အတူ

"Unnie...ကျွန်​မ ​ရောက်​ပြီ" ဆိုတဲ့ ညီမဖြစ်​သူရဲ့ အသံကို ကြားလိုက်​ရသည်

"အပြင်​မှာ မိုး​တော်​​တော်​ရွာ​နေတယ်​ Unnieရဲ့"ဆိုပြီးထမင်းစားပွဲမှာ ထိုင်​လိုက်​သည်

"သတင်းမှာ တစ်​​နေကုန်​ မိုးရွာလိမ့်​မယ်​လို့ ​ကြေညာထားတာပဲ"

သူမက ညီမဖြစ်​သူကို ပြန်​​ပြောလိုက်​ပြီး Luhanကို ထမင်းစားဖို့ ​ခေါ်လိုက်​သည်

"Luhan..သား မနက်​စာ စားရ​အောင်​"

အပြင်​က Ommaနဲ့ ​ဒေါ်​လေးရဲ့ စကား​ပြောသံက သူ့အခန်းထဲထိဝင်​လာသည်

ဒါ​ပေမယ့်​ Luhanတစ်​​ယောက်​ ဘာ​တွေးမိသည်​ မသိ ရုတ်​တရက်​ကြီးထပြီး Xiuminဆီသို့ ဖုန်း​ခေါ်လိုက်​သည်

Xiumin​ခေါက်​ဆွဲ​လေးပြုတ်​ပြီး အားရပါးရစားဖို့ ပြင်​လိုက်​ကာ ရှိ​သေး ဖုန်းဝင်​လာလို့ကြည့်​လိုက်​​တော့ Luhan

Oh gosh...တကယ်​ပါပဲ ဘာ​တွေ မဟုတ်​တာ​ပြောဦးမလဲ မသိဘူး သူဖုန်းကို ကိုင်​လိုက်​ပြီး

"Yoboesaeyo...."

"Xiumin ah...ငါ ​တွေးမိတာက​လေ.."

Luhan​ပြောတာ​တောင်​ မဆုံး​သေး Xiuminက ဖြတ်​​ပြောလိုက်​သည်

W(Two World)حيث تعيش القصص. اكتشف الآن