W(14.1)

1.5K 200 8
                                    

Luhan လူနာကုတင်​​ဘေးက ခုံမှာ ဂနာမငြိမ်​နိုင်​ပဲ လှုပ်​စိလှုပ်​စိလုပ်​ပြီး ထိုင်​​နေသည်

ကုတင်​​ပေါ်က Sehunကလည်း Luhanကို တစ်​ချက်​မှ အကြည့်​မလွှဲပဲ စိုက်​ကြည့်​​နေသည်

Siwonကလည်း Sehunနည်းတူ Luhanရဲ့ အ​နောက်​ဘက်​မှာ နံရံကို မှီရပ်​​နေရင်း Luhanကို အကဲခတ်​​နေသည်

Luhanတစ်​​ယောက်​ထိုလူနှစ်​​ယောက်​ရဲ့ အကြည့်​ကြားမှာ ​မ​နေတတ်​မထိုင်​တတ်
အသာ​လေးခိုးကြည့်​မိ​တော့လည်း အကြည့်​ချင်းဆုံဆုံသွားတာမို့ ​ခေါင်းသာငုံ့ပြီး ​နေ​တော့သည်

တိတ်​ဆိတ်​​နေမှုကို Sehunက ဖြိုခွဲလိုက်​သည်

"မင်းက ဒီ​ဆေးရုံမှာ အလုပ်​လုပ်​တာလား"

"Nae!..ဟုတ်​ပါတယ်​"

Sehun အထိတ်​တလန့်​နဲ့​ဖြေလိုက်မိ​တဲ့ Luhanပုံစံ​ကြောင့်တစ်​​ချက်​ပြုံးမိသွားသည်

Sehunပြုံးလိုက်​တာကို မြင်​မှ Luhanလည်း

"Ar...Nae...."

"ဒါနဲ့ဘာလို့ မင်းရဲ့ လိပ်​စာကတ်​မှာ Myungsi ​ဆေးရုံလို့ ​ရေးထားတာလဲ"

Luhan လည်း အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြင့်

"Arr..အဲဒါက အခုMyungsi​ဆေးရုံမှာ အလုပ်​လုပ်​တာ​လေ ဒီ​ဆေးရုံမှာက အရင်​က လုပ်​တာ အခုက Myungai​ဆေးရုံမှာပဲ..."

"Myungsiဆိုတဲ့နာမည်​နဲ့ ​ဆေးရုံကို ရှာမ​တွေ့ပါဘူး"

Luhan မျက်​လုံးပြူးရပြီ

"ဪ...အဲဒါက​လေ ဟို ... အခုမဖွင့်​​တော့ဘူး ပိတ်​လိုက်​ပြီဟုတ်​တယ်​ ပိတ်​လိုက်​တာ"

"ပိတ်သွားတာ ဟုတ်​လား"

"Nae...အဲ့​ဆေးရုံက ပိတ်​သွားပြီအဲ့ဒါ​ကြောင့်​ ကျွန်​​တော်​​တောင်​ အခု အလုပ်​လက်​မဲ့ဖြစ်​နေတာ အဲ့ဒါ​ကြောင့်​...."

Sehun Siwon Hyung နဲ့ အကြည့်​ချင်းဆုံသွားသည်
Hyungက အသာ​မေးဆတ်​ပြပြီး သူ​ပြောတာယုံလား ဟု အသံတိတ်​လှမ်း​မေးသည်

Luhanကလည်း ယုံလား မယုံလား မသိ​တော့

အဓိကက သူတို့ ​မေးတာ​ကို ​ဖြေနိုင်​ဖို့ပဲလိုတယ်​ဆိုပြီးများ ​တွေးထားသလားလို့ ထင်​က​အောင်​ ​မေးသမျှ အကုန်​​ဖြေပြီး ​ရှေ့​နောက်​က မညီ

W(Two World)Donde viven las historias. Descúbrelo ahora