W(37)

1K 140 18
                                    

Appaနဲ့​တွေ့ဖို့ အိမ်​ကိုချက်​ချင်းလာခဲ့​ပေမယ့်​ လူမရှိတဲ့အခန်းလွတ်​ကြီးကသာကြိုဆို​နေသည်

အခန်းပြင်​မှာရပ်​​စောင့်​​နေတဲ့Xiuminက

"အခုထိပြန်​မ​ရောက်​​သေးဘူး တစ်​​နေရာရာမှာသွား​သောက်​​နေတာဖြစ်​မယ်​ငါ ခဏခဏရှာပြီးပြီကို"

နှစ်​​ယောက်​သား အခန်း​ရှေ့မှာရပ်​ပြိး အ​တွေးကိုယ်​စီဖြင့်​ ငြိမ်​သက်​​နေမိသည်

"Luhan"

Xiuminဆီမှ ​ခေါ်သံထွက်​လာ​တာမို့ ကြည့်​လိုက်​​တော့

"အဆုံးသတ်​လိုက်​ကြရ​အောင်​"

"ဘာကို?"

"Webtoon.... အဆုံးသတ်​လိုက်​ကြ​အောင်​ The Endလို့​ရေးပြီး အဆုံးသတ်​လိုက်​ရင်​W ပြီးသွားလိမ့်​မယ်​ဒါဆို မင်းကို ထပ်ပြီးဆွဲ​ခေါ်သွားလို့ရမှာမဟုတ်​​တော့ဘူး"

Luhanကဘသူ​ပြောတာကို နားမလည်​သလိုဖြင့်​ ​ကြောင်​ပြီးသာကြည့်​​နေသည်

"Luhan မင်းက အဲ့ဆီမှာ​​ထောင်​​ပြေးဖြစ်​​နေပြီ​နော်​ မင်းပြန်​သွားရင်​ ပြန်​ဖမ်းခံရမှာ မင်း အသက်​ကြီးတဲ့အထိ​ထောင်​ထဲမှာ​နေသွားချင်​တာလား မင်းဘယ်​လိုလုပ်​မှာလဲ"

လက်​သည်းကိုသာတတိတိကိုက်​​နေရင်း Luhanစဉ်းစား​နေသည်

"Xiumin na... ငါတို့အဆုံးသတ်​လိုက်​ရင်​ Oh Sehunဘယ်​လိုဖြစ်​သွားမှာလဲ "

ဟားးး Xiao Luhan မဟုတ်​တာကို အ​ရေးတကြီးလုပ်​​နေတယ်

"မင်း အခုက Oh Sehunကို စိတ်​ပူ​နေရမယ့်​အချိန်​လား တကယ့်​လူကို စိတ်​ပူရမှာကွ ဒီလိုသာဆက်​ဖြစ်​​နေရင်​ စိတ်​​ရောဂါ​ဆေးရုံကိုသွားရ​တော့မယ်​ မင်းအတွက်​သာမင်း​အရင်​ပူစမ်းပါ!"

Luhanမျက်​နှာငယ်​​လေးဖြင့်​သာ တိတ်​​နေသည်

မဖြစ်​ဘူး Luhanက ဒါမျိုး​တွေ​တွေးပူ​နေ​ပေမယ့်​ သူက​တော့ လုပ်​ရမည်​ ကိုယ့်​သူငယ်​ချင်းဒုက္ခ​ရောက်​မယ့်​ကိစ္စကို ဒီတိုင်းကြည့်​မ​နေနိုင်

Oh Sehunထက်​ သူ့သူငယ်​ချင်းLuhanဒုက္ခမ​ရောက်​ဖို့က ပိုအ​ရေးကြီးသည်

W(Two World)Donde viven las historias. Descúbrelo ahora