HH Global Companyရဲ့ CEO
အိုလံပစ်စတား Oh Sehunဟာ ပြဿ နာများစွာကို ရင်ဆိုင်ရပြီးနောက် ပျောက်ကွယ်သွားရာမှ ယခု publicရှေ့ကို ပထမဆုံးထွက်ပေါ်လာပြီး လူပေါင်းများစွာကို အံ့အားသင့်စေခဲ့ပါတယ်
၂၀၀၇တုန်းက တရားရင်ဆိုင်ခဲ့ရပေမယ့်အခုချိန်မှာတော့ အောင်မြင်မှုနဲ့အတူ လူထုရှေ့ကို ထွက်ပေါ်လာပါပြီ
E-commerce ဈေးကွက်နဲ့ပတ်သက်တဲ့ HH Globalဟာ လက်ရှိမှာ $1.5 billion USD ချမ်းသာနေပါတယ်
စီးပွားရေးကျားတစ်ကောင်အဖြစ် အောင်မြင်စွာ ပေါ်ထွက်လာတဲ့Oh Sehunက သူ့မိသားစု ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် နာကြည်းနေဆဲပါပဲ
ဒါကြောင့် Oh Sehunဟာ ရုပ်သံလွှင့်ကုမ္ပဏီတစ်ခုကို ၀ယ်ယူပြီး သူ့ဆန္ဒတွေကို အကောင်အထည်ဖော်ခဲ့ပါတယ်
တစ်ချိန်က သူဟာ ပိုက်ဆံမရှိလို့ ရင်ဆိုင်ခဲ့တဲ့ပြဿ နာတွေရှိခဲ့တဲ့အတွက် သူ ပိုက်ဆံရှိလာတဲ့အခါမှာတော့ သူ သူ့ပိုင်ဆိုင်မှုတစ်ချို့ကို အမှုအခင်းတွေနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ နေရာမှာ အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်
အစိုးရကလည်းမကူညီနိုင်တဲ့ ပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ မြှုပ်ကွယ်ခံနေရနေတဲ့ မတရားမှုတွေကိုလည်း သူ့ရဲ့ ရုပ်သံအစီအစဉ်ကနေ ရှာဖွေဖော်ထုတ်ဖို့programရေးဆွဲခဲ့ပါတယ်
ဒီအစီအစဉ်က အများပြည်သူအတွက် အကျိုးရှိလာမယ့် အစီအစဉ်တစ်ခုဖြစ်သလို တစ်ဖက်က ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က သူ့မိသားစုကို လုပ်ကြံသွားတဲ့တရားခံကို ရှာဖွေမှာမို့လို့ သူ့အတွက်လည်း အရေးပါတဲ့အစီအစဉ်တစ်ခုပါ
ဒါကြောင့် သူက broadcasting companyတစ်ခုလုံးကို ၀ယ်ပြီး တရားခံတွေကို ရှာဖွေပေးမယ့် မှုခင်းprogramကို ရေးဆွဲခဲ့ပါတယ်
ကိုရီးယားရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲစည်းထားပြီး အကောင်းဆုံးစုံထောက်တွေနဲ့ရဲတွေကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်
လိုအပ်တဲ့ထောက်ပံ့မှုကို Oh Sehunက ပေးပြီး Oh Sehun၏ ဦးလေးလို ဆရာလိုဖြစ်နေတဲ့ Yoo Jae Sukက ရဲဘ၀ကနေ ပင်စင်ယူပြီး ထိုအစီအစဉ်ကို တာဝန်ယူကြီးကြပ်ပေးခဲ့ပါတယ်
အဲ့ဒီChannel ရဲ့ နာမည်ကို W လို့ပေးခဲ့ပါတယ်
Wဆိုတာ Who and Why ရဲ့ ကိုယ်စားပြုစကားလုံး
ဘယ်သူက ဘာကြောင့် ပြစ်မှုကို ကျူးလွန်လဲဆိုတာကို ဖော်ထုတ်ဖို့ပါOh Sehun က ထိုအစီအစဉ်ကို စနစ်တကျ တည်ဆောက်ပြီး runစေတာမို့ ကောင်းမွန်တဲ့ရလဒ်များကို ရခဲ့သည်
သူ့အတွက်ကတော့
ဘယ်သူက ဘာကြောင့် သူ့မိသားစုကို သတ်ခဲ့တာလဲ
သူ ဒါကို သိဖို့လိုနေဆဲပါပဲA.N : E- commerce ဆိုတာ onlineကိုပဲ အခြေခံပြီး လုပ်တဲ့ ရောင်းဝယ်မှုပုံစံမျိုးပါ
ရောင်းချတဲ့ပစ္စည်းတွေကို ရွေးချယ်တာ ၀ယ်ယူတာ ငွေပေးချေတာ မှာယူတာတွေ အကုန်လုံးကို internetပေါ်ကနေပဲ လုပ်သွားတဲ့ပုံစံမျိုးပါ
အနောက်နိုင်ငံတွေနဲ့ တိုးတက်ပြီးနိုင်ငံတွေက လူတိုင်းလိုလို credit cardသုံးကျတာမို့ onlineပေါ်ကနေ ငွေပေးချေဖို့က အဆင်ပြေပါတယ် ဒီမှာတော့ E-commerceက အခက်အခဲအနည်းငယ်ရှိနေဆဲပါပဲ
E-commerceအခြေခံ ခိုင်မာမှုရှိတဲ့လုပ်ငန်းတွေက customerကိုကော ownerကိုပါအကျိုးပြုတဲ့လုပ်ငန်းမျိုးမို့ အောင်မြင်ရင် သန်းကြွယ်သူဌေးဖြစ်သည်အထိ အောင်မြင်နိုင်ပါတယ်
Oh Sehunရုတ်တရက်ကြီး သန်းကြွယ်သူဌေးဖြစ်သွားတာမျိုးမဟုတ်ပါဘူး ဒီလုပ်ငန်းမျိုးက တိုးတက်နှုန်းမြန်ပြီး သူကိုယ်တိုင်က ထူးချွန်အောင်လုပ်နိုင်ခဲ့တာမို့ သူက အောင်မြင်ခဲ့တာပါ😊😊😊

VOUS LISEZ
W(Two World)
FanfictionWW Who...Why သီးခြားဖြစ်နေတဲ့ကမ္ဘာနှစ်ခု Season - 1 (Just a webtoon...)