W(His Birthday)

1.3K 202 22
                                        

Mr.Xiao Hanတစ်​​ယောက်​ သူ့အခန်းထဲတွင်​ တကုပ်​ကုပ်​ဖြင့်​ အလုပ်​ရှုပ်​​နေသည်

Xiuminကလည်း ဒီ​နေ့ဘာအလုပ်​မှ မရှိတာမို့ အိမ်​​ရှေ့ရှိ မြက်​ခင်းပြင်​တွင်​ ​ကော်​ဖီတစ်​ခွက်​ စာအုပ်​တစ်​အုပ်​ဖြင့်​သာယာ​နေသည်

Mr.Xiao သူ ပုံဆွဲ​နေ​သော Tabletက​နေ အကြည့်​ခွာကာ ပြတင်း​ပေါက်​သို့ကြည့်​လိုက်​​တော့ ဒရင်းဘက်​​​ပေါ်တွင်​ စာအုပ်​ဖတ်​ကာ​နေ​သော Xiuminကို ​တွေ့တာ​ကြောင့်​ စိတ်​ကူးထဲ​ပေါ်လာ​သောအကြံကို အ​ကောင်​အထည်​​ဖော်​ဖို့ပြင်​လိုက်​သည်

ပုံဆွဲ​နေရာမှထလာကာ လှမ်း​ခေါ်လိုက်​သည်

"Xiuminnie..."

"ဗျာ ဆရာ"

"ဒီကိုခဏလာခဲ့ဦး"

"ဟုတ်​"

အနားယူ​နေ​သောကိုယ်​​တော်​​လေးက တစ်​ခုခုခိုင်းခံရ​တော့မယ့်​အ​ငွေ့အသက်​ရ​နေတာမို့ မျက်​နှာ​လေးရှုံ့မဲ့ကာ အနား​ရောက်​လာသည်

"ဆရာ ဘာခိုင်းမလို့လဲ"

"​အေး မင်းနား​နေတာ သိ​ပေမယ့်​ ငါလည်း အ​ရေးကြီး​နေလို့ပါကွာ "

"ဟုတ်​ကဲ့ပါ ဆရာရဲ့ ကျွန်​​တော်​က ဘာ​ပြော​နေလို့လဲ"

"​အေး ​အေး ငါ့ကို ကိတ်​တစ်​လုံး​လောက်​၀ယ်​​ပေးစမ်းပါကွာ"

"ကိတ်​? ဘာလုပ်​ဖို့လည်းဆရာရဲ့ ဗိုက်​ဆာရင်​ ထမင်း​တွေရှိတယ်​​လေ"

"ငါစားမလို့မဟုတ်​ပါဘူးကွ ဒီ​နေ့ Oh Sehun​မွေး​နေ့မို့လို့"

"Sehun​မွေး​နေ့?"

"ဟုတ်​တယ်​ ငါ April 12ကို သူ့​မွေး​နေ့အ​နေနဲ့ သတ်​မှတ်​ခဲ့တာ
အဲဒါ​ကြောင့် ဒီ​နေ့သူ့​မွေး​နေ့ အပိုင်းသစ်​ထဲမှာ ​မွေး​နေ့ပွဲ​လေးလုပ်​​ပေးမလားလို့
ရှိပြီးသား ကိတ်​ပုံစံ​တွေလည်း သုံးလို့ရ​ပေမယ့်​ သူ့အတွက်​သီးသန့်​ရည်​ရွယ်​ပြီး သပ်​သပ်​၀ယ်​ပြီး လုပ်​​ပေးချင်​လို့"

"ဟုတ်​ ဆရာ ဒါဆို ကျွန်​​တော်​ သွားဝယ်​လိုက်​မယ်
ခပ်​လတ်​လတ်​အရွယ်​အစား​လောက်​ဆို အဆင်​​ပြေတယ်​မို့လား"

W(Two World)Donde viven las historias. Descúbrelo ahora