W(26)

1.4K 215 15
                                    

သတိလစ်​​နေတဲ့Luhanကို ​ပွေ့ချီပြီး သူ​နေတဲ့Hotelခန်းဆီကိုပဲ ​ခေါ်လာလိုက်​သည်

ပွင့်​လာတဲ့ ဓာတ်​​လှေကားတံခါးမှ ​ကောင်​​လေးတစ်​​ယောက်​ကို ​ပွေ့ပြီးဝင်​လာတဲ့ Oh Sehun​ကြောင့်​ တံခါးဝမှာ ​စောင့်​​နေတဲ့ သက်​​တော်​​စောင့်​​တွေ ​ပြေးပြီးပဲ ​ပွေ့ကူရမလို ​နောက်​က​နေပဲလိုက်​ရမလိုနဲ့ ပြာကုန်​ကြသည်

သူက ဘာမှမ​ပြောပဲ အခန်းထဲကိုပဲ ၀င်​ခဲ့​တော့ ​နောက်​မှာပဲ ချန်​​နေခဲ့ကြသည်

Hotelခန်းဆို​ပေမယ့်​ သာမန်​ကွန်​ဒိုတစ်​လုံးထက်​သာတဲ့ နှစ်​ထပ်​ရှိတဲ့ အကျယ်​အ၀န်းနဲ့ အပြင်​အဆင်​​ကြောင့်​ ဒီအခန်းက မိသားစုတစ်​ခုကို လွတ်​လွတ်​ ပ်​လပ်​​နေနိုင်​​လောက်​​အောင်​ကျယ်​၀န်းပါသည်

သူ့မိသားစု​တွေ အဖြစ်​ဆိုးနဲ့ကြုံခဲ့ပြီးကတည်းက သူ အိမ်​ဆို​သော​နေရာမှာ ​နေရမှာ​ကြောက်​လာတာ​ကြောင့်​ Hotelရဲ့ Master Roomတစ်​ခုကို အိမ်​ကဲ့သို့ပြင်​ဆင်​ပြီးသာ ​နေခဲ့သည်

သူ ၀င်​လာတာကိုမြင်​တာနဲ့ Maid​တွေထဲက ​ခေါင်း​ဆောင်​က ​သူ့အနားသို့​ရောက်​လာသည်

"Mrs.Kim , ​ဒေါက်​တာယွန်း အခုထိမ​ရောက်​​သေးဘူးလား"
"Nae...အခုထိမ​ရောက်​​သေးဘူးလား"

Luhanကို အိပ်​ခန်းထဲမှာ အနားယူ​စေဖို့ သူ အိမ်​ခန်းရှိရာသို့ ဦးတည်​လိုက်​​ပေမယ့်​ "ဥက္ကဌ Oh" ဟူ​သော ​ခေါ်သံနဲ့အတူ အနားကို Siwon Hyungနဲ့အတူ​ရောက်​လာ​သော ရဲစုံ​ထောက်​နှစ်​ဦး​ကြောင့်​ သူ အခန်းထဲမ၀င်​​သေးပဲ ရပ်​လိုက်​သည်

Luhanရဲ့မျက်​နှာကို ရဲ​တွေကိုမမြင်​​စေချင်​တာမို့ ​ပွေ့ထားတဲ့လက်​ကို အနည်းငယ်​ပြင်​ကာ Luhan၏မျက်​နှာကို သူ့ရင်​ခွင်​မှာ အပ်​ပြီး ၀ှက်​ထားလိုက်​သည်

"​တွေ့ရတာဝမ်းသာပါတယ်​ ဥက္ကဌ Oh ကျွန်​​တော်​က ဆိုးလ်​ရဲစခန်းကပါ Xiao Luhan​ကြောင့်​ ​ရောက်​လာတာပါ မျက်​မြင်​သက်​​သေဆို​တော့"

ထိုစုံ​ထောက်​ရဲ့စကား​ကြောင့်​ သူ ​ပွေ့ထားတဲ့Luhanကို ပို၍ တင်းတင်း​ပွေ့လိုက်​ကာ အသာပြုံးပြီး ​ဖြေလိုက်​သည်

W(Two World)Where stories live. Discover now