W(39)

1.4K 148 25
                                    

ညချမ်းအချိန်​မို့ ပတ်​၀န်းကျင်​က မီး​ရောင်​စုံဖြင့်​လင်းလက်​​ကာ ​အေးချမ်းလှသည်

ဆေးရုံအပြင်​ဘက်​လူရှင်းတဲ့​နေရာသို့ ​ရောက်​​​တော့~

သူဆွဲ​ခေါ်ရာ​နောက်​ကို ဘာမှပင်​မ​ပြောနိုင်​ပဲ ပါလာခဲ့တာ စကားတစ်​ခွန်းမျှပင်​မ​မေးနိုင်

ဆွဲထားတဲ့လက်​ကို အသာ​လွှတ်​​ပေးပြီး Oh Sehunက သူ​ရှေ့တည့်​တည့်​တွင်​ ရပ်​လိုက်​သည်

ညဘက်​ကြယ်​​ရောင်​လ​ရောင်​​အောက်​မှာ​ပေမယ့်​ Oh Sehunဟူ​သော သူ့မျက်​နှာမှာ​တော့ လျှပ်​စစ်​မီး​ရောင်​၀င်းဝင်းတို့က ထင်​ဟပ်​​နေသည်

သူ့ကို မျက်​လုံး​လေးအပြူးသားနဲ့ ​ငေးစိုက်​ကြည့်​​နေ​သော Luhanကို Oh Sehunသ​ဘောကျစွာကြည့်​မိရင်း ​မေးလိုက်​သည်

"မင်း ​နေ​ကောင်းတယ်​မို့လား...​ထောင်​ကလွတ်​သွားပြီး ဘယ်​လို​နေမလဲဆိုတာ ငါ သိချင်​​နေခဲ့တာ အခုမြင်​ရတဲ့ပုံအရ​တော့ အဆင်​​ပြေတဲ့ပုံပဲ"

"ဘယ်​လိုလုပ်​....ဘယ်​လိုလုပ်​ပြီး ​ခင်​ဗျားကို​တွေ့​နေရတာလဲ ခင်​ဗျား ကျွန်​​တော့ကို ထပ်​​ခေါ်လိုက်​တာလား
မဟုတ်​ပါဘူး မဟုတ်​နိုင်​ပါဘူး ဒါက ကျွန်​​တော်​အလုပ်​လုပ်​တဲ့​ဆေးရုံပါ Jongdaeလည်း ဒီမှာရှိ​နေတာပဲ"

တတွတ်​တွတ်​နဲ့​ရေရွတ်​​နေတဲ့ Luhanကို ကြည့်​ပြီး ပြုံးရင်း

"ငါ လာခဲ့တာ...ငါဒီကိုထွက်​လာတာ
Xiao Luhanရဲ့ကမ္ဘာကို"

"ဘယ်​...ဘယ်​လိုလုပ်​ပြီး​တော့လဲ"

"ရပ်​တန့်​သွားတယ်​ ငါ​နေတဲ့ကမ္ဘာတစ်​ခုလုံး"

သူ​ပြောလိုက်​တဲ့စကား​ကြောင့်​ Luhan ထိတ်​လန့့်​သွားမိသည်

"ဘာ​ပြောလိုက်​တယ်​...."

"ရပ်​တန့်​သွားတယ်​ ရပ်​တန့်​သွားတာ ငါကလွဲလို့ ကျန်​တဲ့အရာ​တွေအကုန်
အဲ့တာ​ကြောင့်​ ငါထွက်​လာလို့ရတာ အကုန်​လုံးကိုထားခဲ့ပြီး ဘာလို့ငါတစ်​​ယောက်​ထဲပဲ ဒီလိုကျန်​​နေခဲ့တာလဲမသိ​ပေမယ့်​မင်း​ပြောသလိုအဓိကဇာတ်​​ကောင်​မို့လို့ထင်​တယ်
အဓိကဇာတ်​​ကောင်​ရဲ့အထူးအခွင့်​အ​ရေး​လေ"

W(Two World)Tempat cerita menjadi hidup. Temukan sekarang