W(40)

1.1K 106 14
                                    

Xiao Hanလို့​ရေးထားတဲ့ အိမ်​တစ်​အိမ်​ရဲ့​ရှေ့မှာ သူရပ်​လိုက်​သည်
သူစုံစမ်းပြီးလာခဲ့တာမို့ ဒီအိမ်​က စာ​ရေးဆရာXiao Hanရဲ့အိမ်​ဆိုတာ​သေချာပါတယ်

ခေါင်း​လောင်းကိုတီးလိုက်​​တော့ အသံသာရပ်​သွားသည်​ အိမ်​ထဲမှ မည်​သည့်​တုန့်​ပြန်​မှုမှ ထွက်​မလာ

သူ့အရပ်​သာသာသာရှိ​သော ခြံစည်းရိုးအ​ခြေအ​နေကိုကြည့်​ပြီး ခန္ဓာကိုယ်​ကို အသင့်​ပြင်​လိုက်​သည်
ကိုယ်​ခံပညာတတ်​သည့်​သူ့အတွက်​ ဒီခြံစည်းရိုး​လောက်​နဲ့ အခက်​အခဲမဖြစ်​နိုင်​ပါ

တံခါးမကြီး​ရှေ့ကို​ရောက်​​တော့ ​သော့ခတ်​ထားတာ​တွေ့တာမို့ ​တွေ​ဝေမ​နေပဲ တံခါးလယ်​က မှန်​ကို လက်​နဲ့အသာရိုက်​ခွဲပစ်​လိုက်​သည်
ကွဲသွားတဲ့မှန်​​နေရာက​နေ လက်​လျှိုဝင်​ပြီး တံခါးလက်ကိုင်​​ကိုလှည့်​ဖွင့်​ကာ အိမ်​ထဲဝင်​လာလိုက်​သည်

အ​မှောင်​ထုသာကြီးစိုး​နေတဲ့အိမ်​ထဲ၌ သူ့ဖိနပ်​သံကသာ ခပ်​အုပ်​အုပ်​ထွက်​​ပေါ်​နေသည်

နံရံကပ်​စင်​များ​ပေါ်တွင်​ အစီအရီရှိ​နေ​သော စာအုပ်​များနှင့်​Wဟူ​သောအမှတ်​အသားနဲ့အတူရှိ​နေ​သော သူ့ပုံတူပန်းချီများ​ကြောင့်​ သူ Mr.Xiao Han၏ ​နေရာကို မှန်​ကန်​စွာ​ရှာ​တွေ့တာ ​သေချာသွားသည်

နေရာတိုင်းလိုလို webtoonဖန်​တီးသည့်​ပစ္စည်းများနှင့်​ပြည့်​နှက်​​နေသည်

စားပွဲ​ပေါ်ကမီးအိမ်​ကိုဖွင့်​လိုက်​​တော့ ကတ်​တ​လောက်​တစ်​ခုကို အရင်​ဆုံး​တွေ့လိုက်​ရသည်

ထိုကတ်​တ​လောက်​တွင်​ ရှိ​နေ​သောအရာက သူ့ကားနှင့်​ပတ်​သက်​​သော အ​သေးစိတ်​အချက်​အလက်​များအပြင်​ ထိုကားနဲ့အတူ သူ့ရဲ့လှုပ်​ရှားမှုပုံရိပ်​အချို့

နောက်​စာမျက်​နှာကို လှန်​လိုက်​​တော့ သူ​နေထိုင်​ရာPenthhouse ၏ အချက်​အလက်​များ
အရာရာတိုင်းက ထပ်​တူညီစွာ မှတ်​တမ်းတင်​ခံထားရသည်

ကိုင်​ထားတဲ့ကတ်​တ​လောက်​ကို ပစ်​ချပြီး ​နောက်​ထပ်​​တွေ့တဲ့အခန်းတံခါးတစ်​ခုကို ဆွဲဖွင့်​ပြီး ၀င်​ခဲ့လိုက်​​တော့ ​နောက်​ထပ်​အရာများစွာက သူ့ကို ကြိုဆို​နေပြန်​သည်

Has llegado al final de las partes publicadas.

⏰ Última actualización: May 12, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

W(Two World)Donde viven las historias. Descúbrelo ahora