W(27)

1.4K 195 8
                                    

မျက်​​တောင်​တို့က တဖျတ်​ဖျတ်​ခတ်​ကာ ပွင့်​လာသည်

တိတိပပပွင့်​သွားသည့်​မျက်​၀န်းတို့နှင့်​အတူ ငါ ဘယ်​​ရောက်​​နေတာလဲဟူ​သော အ​တွေးက ​ခေါင်းထဲသို့ ၀င်​လာသည်

အိပ်​​နေရာမှ ရုတ်​ကနဲ အလန့်​တကြားပင်​ ထမိသွားရင်း

ခေါင်းကို ဘယ်​ညာ ခါရမ်း​နေ​အောင်​ အခန်းပတ်​၀န်းကျင်​ကို လှည့်​ပတ်​ကြည့်​ပြီး ကိုယ်​​ပေါ်မှ ​စောင်​ကို ဖယ်​ခွာကာ အိပ်​ရာ​ပေါ်မှ ဆင်းလိုက်​​တော့ အိမ်​စီးဖိနပ်​​လေးက သူ့​ခြေ​ထောက်​မှာ အဆင်​သင့်​ လာစွပ်​​နေသည်

(ငါ ဘယ်​ ​ရောက်​ ​နေ တာ လဲ)

အခန်းတွင်း ​သေချာလှည့်​ပတ်​ကြည့်​ပြီးမှ သတိရသည်

😱 ငါ Oh Sehun အခန်းထဲ​ရောက်​​နေတာပဲ

ညက အလင်း​ရောင်​ သိပ်​မရှိလို့ ​သေချာမမြင်​ရသည့်​ အခန်းက အခု​တော့ ​နေအလင်း​ရောင်​၀င်​​ရောက်​မှု​ရော အခန်းမီး​ရော ရှိ​နေတာ​ကြောင့်​ ထင်းလင်းစွာမြင်​​နေရသည်

အခန်းလယ်​တွင်​ ခုနက သူအိပ်​ခဲ့သည့်​ King Size Bedကြီး က ထည်​၀ါစွာရှိ​နေပြီး အခန်းတွင်း
အခြားပရိ​ဘောဂများကလည်း သူ့​နေရာနှင့်​သူ စနစ်​တကျရှိ​နေသည်

ဟုတ်​ပါတယ်​ သူ Webtoonထဲမှာ မြင်​ဖူး​နေကျ Oh Sehun၏ အိပ်​ခန်းထဲကို သူ ​ရောက်​ရှိ​နေခြင်းသည်​ ငြင်းဖွယ်​ရာမရှိ

ခေတ်​မှီ ဆိုတာထက်​ ​နောက်​ဆုံး​ပေါ်ဟုပင်​ ​ပြောလို့ရ​သော အသုံးအ​ဆောင်​ပစ္စည်းတို့ဖြင့်​ ဖွဲ့စည်းထား​သော Oh Sehunဆို​သော လူသား၏ အိပ်​ခန်းက Luhan့မျက်​လုံးထဲတွင်​ အလွန်​ပင်​ ခမ်းနားပြီး တဖြတ်​ဖြတ်​ပင်​ လက်​​နေသလို

အခန်းထဲလိုက်​ကြည့်​ရင်း ​တွေးမိတာက

(ငါ ဒီကို ဘယ်​လိုပြန်​​ရောက်​လာတာလဲ....?")

ဘယ်​လိုလုပ်​ပြီး​တော့.....?
အာာာ....
ဒီ​နေ့က Oh Sehun ​မွေး​နေ့ ပဲ

ငါ မနက်​အ​စောကြီး ​ရောက်​လာပြီး ပြန်​အိပ်​​ပျော်​သွားတာပဲ

W(Two World)Where stories live. Discover now