ထောင်သားဝတ်စုံဝတ်ထားသော ကောင်လေးတစ်ယောက် ဆိုးလ်မြို့တစ်နေရာရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ရုတ်တရက်ပေါ်လာသည်
ထိုကောင်လေးက သူရောက်ရှိနေရာ ကောင်းကင်ကိုတစ်ချက်မော့ကြည့်ရင်း
အလုံပိတ်နေတဲ့အခန်းအမိုးအကာတစ်ခုမဟုတ်ပဲ လွတ်လပ်ကျယ်ပြန့်နေတဲ့ကောင်းကင်တစ်ခုဆိုတာ နားလည်လိုက်တော့...သူ Oh Sehunရဲ့စိတ်ကို တုန်လှုပ်မှုပေးနိုင်လိုက်ပြီထင်ပါရဲ့
ထိုကောင်လေးထိုင်နေရာဘတ်စ်ကားဂိတ်ရှေ့ ကားလေးတစ်စီးကရှိနေသည်
Xiuminက ကားပေါ်မှ ၀ရောသောပါးဆင်းလာကာ
"Luhan , Luhan"
ဘတ်စ်ကားဂိတ်မှာထိုင်နေတဲ့ကောင်လေးနာမည်ကို တကြော်ကြော်အော်ခေါ်နေကာ ပြေးလာသောကြောင့် မှောက်ရက်ပင်လဲသည်
Xiumin , Luhanကို ကြည့်လိုက်ကာ
"Luhan , မင်း မဟုတ်မှလွဲရော ထောင်ထဲတကယ်ရောက်ခဲ့တာလား???"
Luhanက ဘာမှပြန်မပြောပဲ သူ့ကို ပြန်ကြည့်ရုံသာကြည့်လာသည်
"တကယ်လား!!!!!
မင်း လိမ်ပြောနေတာမလား😭"
မဖြစ်နိုင်ဘူး
မဖြစ်နိုင်ဘူး
ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူးLuhan၀တ်လို့အဆင်ပြေမယ့် အင်္ကျီကို ဆိုင်တစ်ဆိုင်မှာ ရှာနေရင်း သူ တတွတ်တွတ်ရေရွတ်နေမိသည်
ရူးနေပြီ ရူးနေပြီ
ငါတော့ ရူးပြီသူ ၀ယ်လာတဲ့ အ၀တ်အစားတွေကို ဘေးနားရှိ အများသုံးသန့်စင်ခန်းထဲသို့ယူခဲ့လိုက်သည်
Luhanရှိနေတဲ့ အခန်းငယ်ရှေ့ကိုရောက်တော့ တံခါးခေါက်ကာ အ၀တ်ကို အပေါ်ကနေကျော်ပြီး ပေးလိုက်သည်
အိမ်သာနံရံက မြင့်နေ၍ ခြေဖျားပင်ထောက်လိုက်ရသေး
ကတောက်!!!! အိမ်သာနံရံကတောင် ငါ့အရပ်ကို လာစော်ကားနေတယ်

KAMU SEDANG MEMBACA
W(Two World)
FanfictionWW Who...Why သီးခြားဖြစ်နေတဲ့ကမ္ဘာနှစ်ခု Season - 1 (Just a webtoon...)