Cafe Bonjourရှေ့ တံစက်မြိတ်အောက်တွင် Luhanတစ်ယောက် သူ့နှုတ်ခမ်းကို လက်ဖြင့်အသာကိုင်ထားသောပုံစံဖြင့် ပေါ်လာသည်
မိုးကရွာနေဆဲ ☔☔☔☔☔
Luhan နှုတ်ခမ်းကိုသာကိုင်လျက်အံ့အားသင့်နေမိသည်
ထိုစဉ် ဆိုင်ကမီးများမှိတ်သွားပြီး ဆိုင်ဝန်ထမ်းမိန်းကလေးက တံခါးများကိုပိတ်ကာ ထွက်သွားသည်
မထွက်သွားခင် ဆိုင်ရှေ့မှာရပ်နေသော Luhanကို စူးစမ်းသလိုတစ်ချက်ကြည့်သွားသေးသည်
ထိုအခါမှ Luhanလည်း သတိဝင်လာပြီ ဘေးတွင် ရှိနေသော ထီးနဲ့ မုန့်ထုပ်တွေကို ကောက်ကိုင်ပြီး ထွက်လာခဲ့လိုက်သည်
[ထီးနဲ့မုန့်တွေက Luhanကို webtoonထဲ ဆွဲခေါ်မခံရခင်က Luhanချထားခဲ့တာပါ ဟိုကိုရောက်သွားစက ဖုန်းပါသွားပေမယ့် ဘယ်ရောက်သွားလည်းမသိတော့ပါဘူး ဒီဘက်ကိုပြန်ရောက်လာတော့ပြန်ပါမလာတော့ဘူး]
...............................W..............................
Luhan ရုံးခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်ချင်း Jongdaeရဲ့ပူညံပူညံအသံက အရင်ဆုံးထွက်လာသည်
"Ya...Luhan ကော်ဖီသွားဝယ်တာ ကိုယ်တိုင်များ ကော်ဖီသွားဖျော်တာကျနေတာပဲ တကယ်ပါပဲ"
ပြောနေရင်းမှ အသွားတုန်းကနဲ့မတူ ပြောင်းလဲနေတဲ့ Luhanရဲ့ အ၀တ်အစားတွေကို ကြည့်ပြီး အံ့သြတကြီးဖြင့်
"Woo?အ၀တ်အစားတွေက ဘယ်လိုဖြစ်တာလဲ"
ထိုအခါမှ ကွန်ပျူတာနဲ့မျက်နှာအပ်နေသော Ireneက Luhanကို မော့ကြည့်လာပြီး
"Ommo....ဆရာXiao Lu,အ၀တ်အစားတွေက....?"
Jongdaeက မတ်တပ်ရပ်နေရာကနေ ထိုင်ခုံမှာဝင်ထိုင်ပြီး
"မင်းအ၀တ်အစားတွေဝယ်နေလို့ နောက်ကျနေတာမို့လား"
ဘေးကနေ Jongdae နဲ့ Ireneတို့ ပြောနေတာတွေကို Luhanကတော့ ပါးစပ်အဟောင်းသားနဲ့သာနားထောင်နေပြီး ခုမှသတိဝင်လာပုံနှင့် အလန့်တကြားမေးလာသည်

YOU ARE READING
W(Two World)
FanfictionWW Who...Why သီးခြားဖြစ်နေတဲ့ကမ္ဘာနှစ်ခု Season - 1 (Just a webtoon...)