မိုးတဖွဲဖွဲရွာနေတာမို့ လမ်းမတလျှောက်သွားလာလှုပ်ရှားသူတို့တွင် ထီးရောင်စုံကိုယ်စီဖြင့်...
သို့သော် ထိုလမ်းမထက်တွင် ထီးမပါပဲ ၀ိညာဉ်မဲ့သလိုလျှောက်လှမ်းနေသော လူတစ်ယောက်ရှိနေသည်
Oh Sehun
မိုးရွာထဲတွင် ထီးမပါပဲ သွားနေသောသူ့ကို ဖြတ်သွားဖြတ်လာလူအချို့က တီးတိုးဝေဖန်နေကြသည်
Oh Sehun...သူ သွားနေရင်း တစ်နေရာအရောက်ရပ်တန့်သွားသည်
လမ်းတဖက်ရှိ ဘတ်စ်ကားတွင်ကပ်ထားသော ကြော်ငြာပိုစတာကသူ့ခြေလှမ်းများကိုရပ်တန့်စေခဲ့သည်
Wဆိုသော စာလုံးကြီးနှင့် သူ့ပုံပိုစတာကို သူအံ့အားသင့်စွာ ကြည့်ရင်း ထိုပုံရှိရာသို့ သွားနေမိသည်
လမ်းမကြီးကို သတိလွတ်စွာကူးသန်းနေသောသူ့ကြောင့် ကားသမားတချို့က ဒေါသဖြင့်အော်ဟစ်သွားကြသည်
ကားများသွားလာနေသည်ကို မမှုနိုင်သောသူကတော့ မည့်သည့်အရာကိုမျှဂရုမပြုနိုင်စွာ သူ့ဦးတည်ရာကိုသာ သွားနေသည်
ပုံထဲရှိ Oh Sehunက သူ့ကို သေနတ်ဖြင့်ချိန်လျက် မဲ့ပြုံးတစ်ချက်ကိုပြုံးပြနေသည်
ဟင့်အင်း ဒါက ငါမဟုတ်ဘူးမို့လား
သူ လက်ဖြင့် အသာအယာတို့ထိမိသည်
Oh Sehunဆိုတာ ဘာမှမဟုတ်တဲ့သာမန်ကာတွန်းဇာတ်ကောင်တစ်ခုသာပဲလား
ပုံရိပ်ထဲက Oh Sehunကတော့ ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေဆဲ...
.........................W.........................
စာကြည့်တိုက်ကြီးတစ်ခုသဖွယ်ကြီးမားလှသော စာအုပ်အရောင်းဆိုင်အတွင်းသို့ သူလျှောက်လှမ်းလာခဲ့သည်
သူ့မျက်ဝန်းတွေက တစ်စုံတစ်ခုကိုရှာဖွေနေဆဲ
တစ်နေရာအရောက် ရပ်တန့်သွားသည်COMICSဟူသော ကောင်တာရှိ စာအုပ်အချို့က သူ့မျက်ဝန်းကို ကျောက်ချစေခဲ့သည်

VOUS LISEZ
W(Two World)
FanfictionWW Who...Why သီးခြားဖြစ်နေတဲ့ကမ္ဘာနှစ်ခု Season - 1 (Just a webtoon...)