W(23)

1.3K 212 11
                                    

Luhan ညက Appaအိမ်​က ပြန်​လာခဲ့ပြီးကတည်းက Night Dutyဆက်​၀င်​​နေရတာ မနက်​လင်းခါနီးမှ ခဏမျှသာ ​မှေးရ​သေးသည်

အိပ်​​ရေးပျက်​တဲ့အရှိန်​နဲ့ ​အေးစက်​တဲ့ရာသီဥတု​ကြောင့် ကိုယ်​လက်​​တွေ​ကော ​ခေါင်းပါ ကိုက်​ခဲ​နေတာမို့
Oh Sehun၀ယ်​​ပေးထား​သော အ​င်္ကျီအပါးထက်​မှပင်​ ဆွယ်​တာ အနက်​​လေးကို ထပ်​၀တ်​ထားလိုက်​သည်

ပုလင်းထဲက​အကိုက်​ခဲ​ပျောက်​​ဆေးကို ​ယူ၍ ပါးစပ်​ထဲထည့်​ပြီး ရေနဲ့အသာ​မျှောချလိုက်​သည်

ဆေး​သောက်​​နေတုန်း Jongdaeက ၀င်​လာသည်

"ဘာ​ဆေး​တွေ​သောက်​​နေတာလဲ"

"ငါ ​ခေါင်းနည်းနည်းကိုက်​​နေလို့"

"ကိုက်​တာ​တောင်​နည်း​သေး မိုး​ရေထဲ အင်္ကျီအပါး​လေးနဲ့ ​လျှောက်​သွား​နေတာကိုး ခု​တော့ ​အ​အေးမိပြီမို့လား"

"အဲလိုဖြစ်​မယ်​ထင်​တယ်​"

"ကျွတ်​ ကျွတ်​ Luhanတို့ ​ဈေးကြီးတဲ့အင်္ကျီဝတ်​ပြီး ​လျှောက်​သွား​နေတာ ဘယ်သူမှကြည့်​မှာလည်းမဟုတ်​ပဲနဲ့"

(လူကို အထင်​​သေးသလို လာ​ပြော​နေတယ်​ Luhanတို့ ဘယ်​​လောက်​စန်းပွင့်​တယ်​ဆိုတာ ​ပြောပြလိုက်​ရမ​ကောင်းရှိ​တော့မယ်​)

သူ့ကို မထိတထိစ​နေရင်းနဲ့အိပ်​စင်​​ပေါ်တက်​​နေတဲ့ Jongအာပြဲရဲ့ တင်​ပါးကို အားရပါးရ​ဖြောင်းခနဲရိုက်​ကာ ထွက်​လာခဲ့သည်

"ငါသွားပြီ" ဆို​သော သူ့အသံကို မကြားနိုင်​​လောက်​​အောင်​ပင်​ Jongအာပြဲ၏အသံက မနက်​​စော​စောစီးစီး၌ ​ဆေးရုံတစ်​ခုလုံး၏ နှိုးစက်​သဖွယ်​ ထွက်​​ပေါ်လာသည်

သူ လက်​နှစ်​ဖက်​ကို ဖုတ်​ဖက်​ခါကာ အားပါးတရ ပြုံးမိသည်​ ရိုက်​ရတာ အရသာရှိတာကွာ

သူ ​အောက်​ထပ်​ကိုဆင်းမယ့်​ ဓာတ်​​လှေကားဆီလာခဲ့​ပေမယ့်​ ​ဓာတ်​​လှေကားတစ်​ခု​ရှေ့မှာ ​တွေ့လိုက်​ရတဲ့ ပါ​မောက္ခကြီး ​ဒေါက်​တာWu Yifan​ကြောင့်​ ​ခြေလှမ်းများပင်​တွန့်​သွားသည်

မတွန့်​ရှိမလား

သူ သိရသ​လောက်​က​တော့ W fanများတွင်​ Sehun နဲ့ Yoonaကို shipတဲ့ shipperများရှိသည်

W(Two World)Where stories live. Discover now