Luhan,Sehunရဲ့ နှုတ်ခမ်းကို စက္ကန့်ပိုင်းမျှထိလိုက်ရုံဖြင့်သာ....
ပြီးတာနဲ့ ချက်ချင်းပြန်ခွာလိုက်တော့
Sehun လုံးဝနားမလည်နိုင်အောင်ဖြစ်သွားသည်
"ဒါ..က....ဘာ..."
ထိုအချိန်တွင် "ဆက်ရန်" ဟူသော စာတန်းက ပေါ်လာသည်
Luhan ထိုစာတန်းကို မြင်သည်နှင့် အ၀တ်လဲခန်းတွင်းသို့ အမြန်ပြေးဝင်လိုက်ရသည် မဟုတ်လျှင် လူအများကြီးရှေ့ ရုတ်တရက်ကြီးပျောက်ကွယ်သွားလျှင် အထူးအဆန်းတွေဖြစ်ကုန်မည်စိုးသောကြောင့်
Luhan အ၀တ်လဲခန်းထဲသို့ ရောက်သည်နှင့်တပြိုင်နက် ပျောက်ကွယ်သွားသည်
Sehun ရပ်မြဲရပ်နေလျက်ကျန်နေခဲ့သည် သူ တကယ်ကို အံ့သြနားမလည်ဖြစ်သွားခဲ့တာ
Luhan သူ့ကို...သူ့နှုတ်ခမ်းကို နမ်းသွားခဲ့သည် ဒါဖြစ်နိုင်ပါ့မလား
သူ့စိတ်ထဲ ဇဝေဇ၀ါဖြစ်နေပေမယ့် ယခုထက်ထိ နွေးကျန်နေခဲ့သော နှုတ်ခမ်းပါးများက တကယ်ဟုတ်ကြောင်းသက်သေခံနေသည်
ဘေးနားမှာ ၀ိုင်းကြည့်နေကြသော လူများထံမှလည်း တီးတိုးရေရွတ်သံများ မျိုးစုံထွက်နေသည် Sehun တစ်ချက်ဝေ့ကြည့်လိုက်တော့မှ လူများက မျက်နှာလွှဲ အသံတိတ်သွားသည်
ဟာားးး....တကယ်ပါပဲ ဘာတွေဖြစ်ကုန်တာလဲ
ဖုန်းပြောနေရင် ရုတ်တရက် အသံတွေတိတ်ကျသွားတာကြောင့် Yoonaဘက်ကလည်း တစ်ခုခုများဖြစ်သွားလားဆိုပြီး စိတ်ပူသွားသည်
"ဘာလဲ တစ်ခုခုဖြစ်သွားတာလား ဥက္ကဌOh ဥက္ကဌOh!!!"
ဖုန်းထဲက အသံကြောင့် Sehun ဖုန်းကို ပြန်ကိုင်လိုက်တော့
"Yeobosayo..."
"ဟူး...တော်သေးတာပေါ့ ဘယ်လိုဖြစ်တာလဲ"
"Xiao Luhan....သူက တစ်မျိုးပဲ"
"ဘာကို တစ်မျိုးဖြစ်တာလဲ"
"အဟက်...ငါ အရူးလုပ်ခံလိုက်ရသလိုပဲ"Sehun ဖုန်းပြောတာကို လက်စသတ်လိုက်ပြီး Luhan၀င်သွားသော အ၀တ်လဲခန်းထဲသို့ လိုက်ဝင်ခဲ့သည်
သူထင်တာက Luhanတစ်ယောက်လုပ်ချင်ရာလုပ်ပြီး ရှက်၍ အထဲသို့ဝင်သွားသည်ဟု
"Xiao Luhan shii...."
သို့သော် အခန်းထဲမှာ အ၀တ်အထည်များသာရှိနေပြီး လူဟူ၍ တစ်ယောက်မှရှိမနေ
Sehun အခန်းထဲ ဝေ့၀ဲကြည့်လိုက်တော့ အင်္ကျီကောင်တာအပုလေးပေါ်တွင် တင်ထားသော Luhanရဲ့ အ၀တ်နဲ့ဖိနပ်ဟောင်းများကို တွေ့လိုက်သည်
ထို့အပြင် ထိုအ၀တ်များနှင့်အတူကျန်ခဲ့တာက Luhan၏ ဆေးရုံဝန်ထမ်းကတ်
Sehun ထိုကတ်လေးကို ကြည့်ပြီး ပြုံးလိုက်သည်
မင်းနဲ့ငါ တွေ့ဆုံဖို့ကံက မကုန်သေးပါဘူး Luhan

KAMU SEDANG MEMBACA
W(Two World)
Fiksi PenggemarWW Who...Why သီးခြားဖြစ်နေတဲ့ကမ္ဘာနှစ်ခု Season - 1 (Just a webtoon...)