W(31)

1.1K 186 9
                                    

"ထားလိုက်​ပါ မင်းမ​ဖြေချင်​ဘူးဆိုလဲ အချိန်​​တွေ အများကြီးရှိ​သေးတာပဲ "

"ကျွန်​​တော်​က ဒီမှာ အကြာကြီး​နေရဦးမှာကို ​ပြော​နေတာလား?"

Sehunက Luhanရဲ့အ​မေးစကားကို မျက်​ခုံးပင့်​ပြီး တုန့်​ပြန်​ကာ

"အဲ့လိုမဟုတ်​ဘူးဆိုရင်​ မင်းမှာ ငါ့ဆီက လွဲပြီး သွားစရာရှိ​သေးလို့လား"

Luhanက ပြန်​မ​ပြောပဲငြိမ်​​နေတာမို့....

"မင်းမှာ သွားစရာမရှိဘူးလို့ ငါက​တော့ ထင်​တာပဲ"

အားးး အဲ့ဒီOhSehunရဲ့ မျက်​နှာ​ပေးကြီးကို မုန်းလိုက်​တာ

အရမ်းကို ပိုင်​နိုင်​​နေတယ်​ဆိုတဲ့ မျက်​နှာ​ပေးကြီး😡

"အသင့်​ဖြစ်​​နေပြီ" ဆို​သော အသံနဲ့အတူ Siwon Hyungက အခန်းထဲ​ရောက်​လာသည်

သူ့ကိုမကြည့်​ပဲ တစ်​ဖက်​ကိုသာ အဓိပ္ပါယ်​မရှိစိုက်​ကြည့်​​နေ​သော Luhanကို တစ်​ချက်​ကြည့်​လိုက်​ကာ

"Luhan ငါ အခုအလုပ်​ကိစ္စသွား​တော့မှာ မသွားခင်​မင်းနဲ့ ​နေ့လည်​စာစားဖို့ လုပ်​ထား​ပေမယ့်​ အခု​တော့ မဖြစ်​​တော့ဘူး ငါ ပြန်​လာမှ ​တွေ့ကြတာ​ပေါ့
အဲ့အ​တောအတွင်း အတွင်း​ရေးမှူးက ဒီမှာ ရှိ​နေ​ပေးလိုက်​မယ်​"

ပြောပြီးတာနဲ့ ​ဘောင်းဘီအိတ်​ကပ်​ထဲက ဖုန်းကို ထုတ်​လိုက်​ကာ

"​ရော့ ဒါက အရင်​တစ်​ခါမင်းကို ​ပေးထားတဲ့ဖုန်း
တစ်​ခုခုဖြစ်​ရင်​ ဖုန်းဆက်​လိုက်​ပါ"

Luhan သူ​ပေးတဲ့ ဖုန်းကို အသာလှမ်းယူပြီး ရည်​ရွယ်​ချက်​မရှိ ဖုန်းကို လှည့်​ပတ်​​ဆော့​နေသည်

ထိုစဉ်​ Oh Sehun ထံမှ လက်​တစ်​ဖက်​က သူ့ဆီ ဆန့်​တန်းလာသည်

ဘာလဲ ဆိုတဲ့ အကြည့်​နဲ့ကြည့်​လိုက်​​တော့

"​တောင်းပန်​တာပါ ​စောနက ငါ့အပြုအမူအတွက်​ "

သူ့လက်​ကို ထိရုံသာထိပြီး ရုတ်​လိုက်​​ပေမယ့်​ ဆက်​ပြီး ဆုပ်​ကိုင်​ထားတဲ့ Sehun​ကြောင့်​ သူ အနည်းငယ်​ပင်​ ယိမ်းယိုင်​သွားသည်

W(Two World)Tempat cerita menjadi hidup. Temukan sekarang