W(22)

1.4K 188 20
                                    

Luhan အိမ်​ကို ​ရောက်​​တော့ အလုပ်​စားပွဲခုံမှာ ထိုင်​​နေတဲ့ Xiuminကို ​တွေ့လိုက်​ရသည်

"Xiumin ah,Appa အခန်းထဲမှာမို့လား"

ပြောပြီး အခန်းထဲဝင်​ဖို့လုပ်​လိုက်​​ပေမယ့်

"ဆရာ ထွက်​သွားပြီ"

"ထပ်​ပြီး​တော့? ဘယ်​ကိုသွားတာလဲ"

"ငါလည်းမသိဘူး အကုန်​ထားခဲ့ပြီး ဒီတိုင်းထွက်​သွားတာ ငါတို့ကိုလည်း ပြန်​​တော့ဆိုပြီး ​ပြောသွား​သေးတယ်​ အဲ့ဒါ​ကြောင့်​မို့ Taeyongနဲ့Markကို ပြန်​ပို့လိုက်​ပြီ"

Xiuminက တစ်​ခုခုကို အသည်းအသန်​စဉ်းစား​နေတဲ့ပုံစံနဲ့​ပြောလာသည်

"တစ်​ခုခု​တော့ ထူးဆန်း​နေတယ်​ထင်​တယ်​ ငါ မင်းကို Oh Sehun​သေ​တော့မယ့်​​အ​ကြောင်း​ပြောလိုက်​လို့ ဆရာက ငါတို့ကို ထွက်​သွားခိုင်းတာဖြစ်​မယ် ပြီး​တော့ ဒီမှာ အဲ့ဇာတ်​​ကောင်​က မင်းပဲ​"

Computer Screenတွင်​​ပေါ်​နေ​သော Luhanပုံကို လက်​ညှိုးထိုးပြပြီး ​ပြောလာသည်

ထပ်​ပြီး​တော့ ဆက်​​ပြောပြန်​သည်

"ငါက မင်းကို Oh Sehun​သေ​တော့မယ့်​အ​ကြောင်း ​ပြောလို့ မင်းက အဲ့ထဲကိုသွား,Oh Sehunကိုကယ်​ ပြီး​တော့ ဒီကိုပြန်​​ရောက်​လာတယ်
ဒါ​ပေမယ့်​~~~
ဒါကလုံးဝမဖြစ်​နိုင်​ဘူးမို့လား
လုံးဝအဓိပ္ပါယ်​မရှိဘူး​လေ ဒီလိုဝင်​ထွက်​နိုင်​တယ်​ဆိုတာ လုံးဝမဖြစ်​နိုင်​ဘူးဆို​ပေမယ့်​ အဲ့လို....."

Luhan , Xiuminရဲ့​ပြောစကား​တွေကို လက်​ပိုက်​ပြီးသာ နား​ထောင်​​နေလိုက်​သည်

Xiumin တစ်​ခုခုကို သတိထားမိသွားပုံဖြင့်​ Luhanကို ​သေချာကြည့်​လိုက်​ Screenမှပုံကို ​သေချာကြည့်​လိုက်​ဖြင့်​ ​ခေါင်းကို အခါခါလည်​​အောင်​ကြည့်​ပြီးကာမှ

"Luhan....မင်းရဲ့အ၀တ်​အစား​တွေက....?"

Luhanက Xiuminရဲ့မျက်​လုံး​တွေက ​သေချာစိုက်​ကြည့်​လိုက်​ကာ

"Xiumin ah,​သေချာနား​ထောင်​​နော်
မင်း အခုငါဝတ်​ထားတဲ့အင်္ကျီကို ဘယ်​​လောက်​တန်လဲသိလား"

W(Two World)Donde viven las historias. Descúbrelo ahora