W(16.1)

1.5K 201 9
                                    

"Xiao Luhan shii,​နေ​ကောင်းတယ်မို့လား"

ဖုန်းထဲကို ထွက်​လာတဲ့အသံကို နား​ထောင်​ပြီး Luhan အံ့သြ​နေမိသည်

ဒါ...ဒါ ဟို Oh Sehunဆိုတဲ့ လူရဲ့အသံမို့လား

သူက...သူက ငါ့ကို ဘာလို့ ဖုန်းဆက်​တာလဲ

Luhan ဘာမှပြန်​မ​ပြောနိုင်​ပဲ အံ့သြ​နေတုန်း ဟိုဘက်​ကလူက ဆက်​​ပြောလာသည်

"​တွေ့ကြရ​အောင်​ အချိန်​ရနိုင်​မယ်​မလား"

"Nae?"

"အခုဘယ်​မှာလဲ ဆိုးလ်​မှာပဲလား"

"Nae..."

"ဘယ်​နားမှာလဲ"

သူ ပတ်​၀န်းကျင်​ကို တစ်​ချက်​ပြန်​​ဝေ့ကြည့်​ပြီး

"​ဆေး..ရုံ နားက ကားမှတ်​တိုင်​မှာ..."

"OK...​စောင့်​​နေ လာခဲ့မယ်​"

"Borr...Hello Hello?"

သူ​ပြောချင်​တာ​ပြောပြီး ဖုန်းကိုချသွားတဲ့ Sehun​ကြောင့်​ Luhan ​ကြောင်​သွားသည်

ဘာလဲကွာ....ဘာ​တွေဖြစ်​ကုန်​တာလဲ

ငါ့​နေရာကို ပြန်​မ​ရောက်​ပဲ ဘာ​တွေက ဘယ်​လိုဖြစ်​ကုန်​တာလဲကွာ....

အား...မသိ​တော့ဘူး မသိ​တော့ဘူး

ထိုအချိန်​တွင်​​​နောက်​ဆုံး​ပေါ်အနီ​ရောင်​ကားတစ်​စီးက​တော့ ​တောက်​ကြွားစွာဖြင့်​ လမ်းမတ​လျှောက်​​မောင်းနှင်​လာသည်

ဆေးရုံ​ရှေ့ရှိ Luhanထိုင်​​နေ​သော ကားမှတ်​တိုင်​​ရှေ့သို့ ထိုကားအနီရဲရဲ​လေးက ရပ်​လာ​တော့ မှတ်​တိုင်​ရှိ လူများက ကားကို အံ့အားသင့်​စွာ​ငေးကြည့်​လာကြသည်

ကြည့်​​လောက်​စရာပါပဲ....ကားက ၂၀၁၆၏ ​နောက်​ဆုံး​ပေါ် Limited အမျိုးအစား....

Luhan ကားကို အံ့ကြတကြီး ကြည့်​​နေတုန်း အနက်​​ရောင်​ကားမှန်​က ​လျှောခနဲ ပွင့်​လာကာ
ကားထဲကလူ၏ မျက်​မှန်​နက်တစ်​လက်​ကို ၀တ်​ဆင်​ထား​သော ၊​ ဖွေးသန့်​​နေ​သော မျက်​နှာက ဆွဲ​ဆောင်​မှုရှိစွာ ပြုံးပြ​နေ​လေသည်

W(Two World)Hikayelerin yaşadığı yer. Şimdi keşfedin