W(15)

1.5K 204 15
                                    

Luhan သူ​ရှေ့က​နေ လမ်းပြ​ပေး​နေ​သော သက်​​တော်​​စောင့်​နဲ့အတူ Oh Sehunရှိ​နေ​သော အခန်းက​နေ တိတ်​တဆိတ်​ထွက်​လာခဲ့သည်

သူ VIP wardရဲ့ တံခါး​ပေါက်​ကို လမ်းလွှဲက​နေ ဖြတ်​​ကျော်​​နေစဉ်​မှာပဲ ရဲ​တွေက VIPခန်းသို့ ၀င်​တဲ့ တံခါး​ပေါက်​​ရှေ့ကို ​ရောက်​လာခဲ့သည်​ သို့​ပေမယ့်​ Luhanတို့ကို မမြင်​လိုက်

်​VIPခန်း​တွေဘက်​သို့သာ အာရုံ​ရောက်​​နေကြသည်

ကော်​ရစ်​တာတ​လျှောက်​,​လျှောက်​ခဲ့ပြီးညာဘက်​သို့ချိုး​ကွေ့ဝင်​လိုက်​​တော့  သက်​တာ်​စာင့်က ပွင့်​နေ​သော ဓာတ်​​လှေကားတစ်​ခုကို ညွှန်​ပြကာ

"ဒီက​နေ အပြင်​ကို သွားနိုင်​ပါပြီ ၀င်​လိုက်ပါ"

သူ ဓာတ်​​လှေကားထဲကို ၀င်လိုက်​​တော့ အပြင်​က​နေ သက်​​တော်​​စောင့်​က အရိုအ​သေ​ပေးရင်း ကျန်​​နေခဲ့သည်

ဟူး...ဓာတ်​​လှေကားထဲ​ရောက်​မှပဲ  သက်​ပြင်းချနိုင်​​တော့တယ်
ဒါ​တောင်​ ​မြေညီထပ် မ​​ရောက်​​သေးသ​ရွေ့ အန္တရာယ်​ ကင်းနိုင်​ပါ့မလား ​တွေးပူ​နေမိ​သေးသည်

အပြင်​ထွက်​ရင်​ အဆင်​​ပြေ​အောင်​ အ​ပေါ်မှာ ထပ်​၀တ်​ထား​သော ဂျူတီကုတ်​ကို ချွတ်​လိုက်​ကာ လက်​မှာချိတ်ထားလိုက်​သည်

မ​သေမသပ်​ဖြစ်​​နေ​သော ဆံပင်​ကို တစ်​ချက်​သပ်လိုက်ပြီး နံ​ရံ​ပေါ်တွင်​အရိပ်​ထင်​​နေ​သောပုံရိပ်ကို ကြည့်​ကာ ​သေချာသပ်​ရပ်​​အောင်​ ပြင်​လိုက်​သည်

ဓာတ်​​လှေကားပွင့်​သွားသည်​နဲ့ အပြင်​သို့ ထွက်​လာခဲ့ကာ ​ဆေးရုံ​ဘေးရှိ အမှိုက်​များ စွန့်​ပစ်​​သော​နေရာတွင်​ လက်​က ကိုင်​လာ​သော ဂျူတီကုတ်​ကို ပစ်​ထည့်​လိုက်​သည်

သူ ​ဆေးရုံဘက်​က​နေ ​ပြေးထွက်​လာခဲ့ပြီး ​ဆေးရုံနားရှိ Bus Stopကို​ရောက်​​တော့ လူက ​မောဟိုက်​​နေသည်
ပိုဆိုးသည်​က.... ဗိုက်​ဆာလိုက်​တာ😥

မုန့်​တစ်​ခုခုဝယ်​စားဖို့ကလည်း ပိုက်​ဆံနဲ့တူတာဆိုလို့ သူ့ဆီမှာ စက္ကူစုတ်​​တောင်​မရှိ

W(Two World)Where stories live. Discover now