W(4)

1.9K 219 1
                                    

တရားခွင်​တွင်

တရားသူကြီးသုံးဦးက သမာဓိခုံ​ပေါ်တွင် ​တည်​ကြည်​စွာ ထိုင်​​နေသည်​။

သက်​ဆိုင်​ရာ​ရှေ့​နေအသီးသီးကလည်း အမှု​လျှောက်​လဲချက်​များကို အာရုံစူးစိုက်​​နေကြသည်​။ သူက​တော့တရားခံလို့ သတ်​မှတ်​ခံထားရတဲ့သူဆို​တော့ တရားခံထိုင်​ခုံတွင်​ထိုင်​​နေရသည်

တရားလို​ရှေ့​နေ(Han Choi Ho)က

"တရားစွဲဖို့ခက်​ခဲတဲ့အမှုကို ဆုံးဖြတ်​ချက်​ချ​တော့မှာပါ... တစ်​​ယောက်​တည်းက​နေ ကိုယ့်​မိသားစုကို ပြန်​သတ်​ဖို့ဆိုတာ အရမ်းစိတ်​ပျက်​စရာ​ကောင်းတဲ့ကိစ္စပါ ... တရားခံဟာအားကစားသမားတစ်​​ယောက်​ဖြစ်​တဲ့အပြင်​ နာမည်​ကြီးလူငယ်​တစ်​​ယောက်​ပါ ဒါ​ကြောင့်​လူ​တွေက ယုံနိုင်​​ပေမယ့်​ အန္တရာယ်​များတဲ့သူပါ အဲဒါ​ကြောင့်​ ကျွန်​​တော့်​အ​နေနဲ့က​တော့ အပြစ်​​ပေးဖို့ ​တောင်းဆိုပါတယ်
....အမြင့်​ဆုံး....​​သေဒဏ်​...."

ရှေ့​နေHan Choi Ho က Sehunကို​သေချာစိုက်​ကြည့်​ကာ ​ပြောလိုက်​သည်

တရားခွင်​တွင် ​လာ​ရောက်​ကြားနာသူများဆီမှ လက်​ခုပ်​သံများ ထွက်​​ပေါ်လာသည်​။ သူတို့အမြင်​မှာ​တော့ ကိုယ့်​မိသားစုကို ပြန်​သတ်​တဲ့သူကို​ သေဒဏ်​​ပေးတာဟာ အားရစရာ ကိစ္စတစ်​ခု ကဲ့သို့ပင်​။ ​ရှေ့​နေ၏​လျှောက်​လဲချက်​ကို နှစ်​​ထောင်းအားရဖြစ်​​နေကြသည်​။

Sehun၏မိသားစုလို ဦးလေးအရင်းတစ်ယောက်လို ရင်းနှီးရသော Yoo Jaesukမှာမူ Sehunအတွက်​ ဘာမှမလုပ်​​ပေးနိုင်​။ ရှေ့​နေကိုထူးဆန်းစွာ​ ကြောင်​ကြည့်​​နေ​သော Sehunကိုသာ ကြည့်​ရင်း ​လေးလံစွာ ပင့်​သက်​ရှိုက်​မိသည်​။

Sehunထိုင်​​နေရာမှရုတ်​တရက်​ထကာ​ရှေ့​နေဆီသို့ဦးတည်​၍

"ခင်​​ဗျားရူး​နေလား ဘယ်​လို​ပြောနိုင်​ရတာလဲ ....
ဘယ်​လိုလုပ်​အဲလို​ပြောနိုင်​ရတာလဲ...ခင်​​ဗျားရူး​နေလား"

Sehun​ ရှေ့​နေကို​ ဒေါသတကြီးတိုက်​ခိုက်​ဖို့ ကြိုးစား​ပေမယ့် လက်​ထိပ်​ခတ်​ခံထားရ၍တစ်​​ကြောင်း​ ဘေးမှအ​စောင့်​ရဲများက ဖမ်းချုပ်​​ထား​သော​ကြောင့်တစ်​​ကြောင်း ဘာမှမလုပ်​နိုင်​။

သူ​ဒေါသများကိုထွက်​​ပေါက်​​ပေးဖို့က​အော်​ဟစ်​ခြင်းသာရှိသည်

"အာာားးးးး"

W(Two World)Donde viven las historias. Descúbrelo ahora