🌒Zawgyi🌘
' အိမ်ရှေ့မင်းသားကို သေချာခစားစမ်း '
ရဲမက်တွေက မုဒြာကို ဖမ်းချုပ်လိုက်ပြီး အတင်းအကြပ်ဒူးထောက်၍ ခေါင်းငုံ့ခိုင်းလိုက်သည်။
ဟင် . . . ဒါ-ဒါဆို သူက တကယ်အိမ်ရှေ့စံပေါ့။
အတွေးနဲ့တင် မုဒြာ ကြက်သီးထကာ တံတွေးကိုအသာမျိုချမိသည်။မုဒြာ ကိုယ့်ကိုယ်ကို အသံတိတ် ဆဲရေးလိုက်သည်။
' နင်တော့သေသင့်ပြီ မုဒြာ။အိမ်ရှေ့မင်းသားကိုအသံဗြဲနဲ့အော်လိုက်တယ် . . . ဆရာ,မလုပ်နဲ့ဆိုပြီး ငေါက်တယ် . . .သူ့ကိုလည်းလှောင်ရယ်မိသေးတယ် . . . အင်း . . . ခေါင်းနဲ့ကိုယ်
အိုးစားကွဲပြီ ထင်ပါရဲ့ 'မုဒြာ ရှုံ့မဲ့ကာ ခေါင်းလေးကို ဝမ်းနည်းစွာနှုတ်ဆက်တုန်း အိမ်ရှေ့စံရဲ့ အမိန့်အာဏာပေးသံ ထွက်ပေါ်လာသည်။
' သူ့ကို လွှတ်လိုက်စမ်း၊ ဒါကျွန်ုပ်ရဲ့ကျေးဇူးရှင်။နောက်တခါမုဒြာကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံရင် မင်းတို့ခေါင်းပြတ်ပြီမှတ် '
မုဒြာ မယုံနိုင်ဘဲ မျက်လုံးပြူးသွားသည်။
သူက မုဒြာကို လာတွဲထူပေးသည်။မုဒြာက ရဲမက်များကို သူမကြောင့် ဒုက္ခရောက်မည်စိုးသဖြင့်အားနာစွာကြည့်လိုက်သည်။
သို့သော် ရဲမက်များက မျက်နှာမပျက်တဲ့အပြင် ပြုံးနေကြသည်။' ဟိုလေ . . . ကျွန်မ ဘာမှမဖြစ်ပါဘူး။အဲ့ဒါကြောင့် '
' စိတ်မပူပါနဲ့ သခင်မလေး . . . မင်းသားကဆူသာဆူတာ တခါမှ ကျွန်ုပ်တို့ကို အပြစ်မပေးပါဘူး '
သူ့ရဲမက်စကားကို သဘောကျကာ အချင်းချင်းပခုံးဖက်ကာရယ်နေကြသည်။မုဒြာမှာ နားမလည်နိုင်ဘဲ လန်းဆန်းတက်ကြွနေတဲ့မင်းသားကို ကြည့်မိသည်။
သူက မြင်းပေါ်တက်၍ မုဒြာကို ပျော်ရွှင်စွာ နှုတ်ဆက်သည်။
' ကျွန်ုပ်နာမည်က ဒီပါ . . . ဒီပါဝံသမင်းသားပေါ့ဗျာ။မုဒြာ မှတ်ထားနော် '
' မှတ်ထားပါ့မယ် ဒီပါ '
မုဒြာက သူ့ကိုမကြောက်တော့ဘဲ ရဲတင်းစွာ နာမည်ကိုဆိုလိုက်သည်။သူက ဒေါသမထွက်တဲ့အပြင်ဝမ်းသာနေသည်။ထို့နောက်မုဒြာကို စကားတခွန်းပြော၍ မြင်းကို တဟုန်ထိုးစီးကာ ထွက်သွားလေသည်။
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...