🌹Zawgyi🌹
' ကေ သ ရီ . . . '
လူတယောက်ကို မျက်တောင်တချက်မခတ်ဘဲ သတ်နိုင်သည့်
ကေသရီ။စက်ဆုပ်ရွံရှာဖွယ် စုန်းမ ကေသရီ . . . လူသတ်ပွဲမှ
သွေးချောင်းစီးသည်ကို မြိန်ရေရှက်ရေထိုင်ကြည့်နေတတ်သည့်
်စုန်းမ . . .ကေသရီဘာကြောင့် မုဒြာ ခန္ဓာကိုယ်ထဲရောက်နေလဲ သူမစဉ်း
စားတတ်တော့. . . သူ စိတ်ရှုပ်နေသည်ကို ကေသရီက ကျေနပ်
စွာကြည့်နေသည်။' မင်း ဘာလို့ပြန်လာတာလဲ '
' အာ . . . ခေါင့်ကို လွမ်းလို့ပေါ့ '
ကေသရီက ခေါင်းလေးကိုစောင်း၍ မျက်လုံးလေးပင့်၍ ပြော
သည်။ကေသရီ့ရဲ့မထီတရီအမူအရာကို သူ မျက်မှောင်ကျုံ့လိုက်
ရင်း ...' အမှန်အတိုင်းဖြေပါ. . . မင်း သူများကိုဒုက္ခပေးဖို့ဆိုရင် မုဒြာ
ကိုယ်ထဲက ချက်ချင်းထွက်သွားစမ်း '' ဒါကတော့ ကျွန်မသဘောလေ. . . အမှန်တစ်ဝက်ပြောရမယ်
ဆိုရင် ကျွန်မ သတ်ရမယ့်လူတယောက်ရှိလို့။နောက်အမှန်တစ်
ဝက်က. . .ခေါင် မပျင်းရအောင် အလုပ်လေးနည်းနည်းပေးချင်
လို့။အရင်ကလိုပဲ ခေါင်က ကျွန်မရှုပ်ထားသမျှ ရှင်းပေးတဲ့ ကိုယ်
ရံတော်လေးပြန်လုပ်ရုံပဲ . . . ဘယ်လိုလဲ 'ကေသရီက နှုတ်ခမ်းတဖက်ကို တွန့်ကာ ပြုံးပြီး သူ့ဆီ ဆံထိုး
ကြောင့်ဒဏ်ရာရထားတဲ့ လက်တဖက်ဖြန့်ပြသည်။' ကျွန်မလက်ကို မကုပေးချင်ဘူးလား ခေါင် '
' အရင်လို မင်းပြောသမျှ မလုပ်ပေးနိုင်ဘူး ကေသရီ '
' ဟာ ဟ ပိုင်လှချည်လား '
သူ ငြင်းဆန်လိုက်သည်ကို ကေသရီက ဟတ်ခနဲရယ်သည်။ထို့
နောက် သူ့လက်တဖက်ကို ဆတ်ခနဲဆွဲယူကာ သူမဒဏ်ရာပေါ်
တင်လိုက်သည်။သူလက်တင်လိုက်ချင်းပဲ ဒဏ်ရာက တဖြည်း
ဖြည်းကျက်သွားပြီး အမာရွတ်ပါမကျန်ပျောက်ကင်းသွားသည်။ကေသရီက သူလိုချင်တာရပြီးတာနဲ့ သူ့နားသို့ကပ်ကာ တိုး
တိုးလေးပြောသည်။' ခေါင့်မှာ ကျွန်မကို ငြင်းဆန်နိုင်စွမ်းမရှိပါဘူး။ဘယ်အချိန်ထိ အ
ပြစ်ကင်းတဲ့ နှစ်ဆယ်ကျော်ဘုရင်ပေါက်စလေးလို ဟန်ဆောင်
နေဦးမှာလဲ။တကယ်က နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ မ
ကောင်းဆိုးဝါးတကောင်ပါ ခေါင်က. . . သခင်အမိန့်ကို မနာခံ
တဲ့ မကောင်းဆိုးဝါးက ပြစ်ဒဏ်ခံရတတ်တယ်နော် '
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...