13th Heart

1.7K 168 4
                                    

🌻Zawgyi🌻

' အထိန်းတော်ကြီး...ပျော်ပွဲရွှင်ပွဲတုန်းက ဝတ်တဲ့ မုဒြာရဲ့အင်္ကျီလေးရော '

' အဲ့-အဲ့ဒါ . . . '

အထိန်းတော်ကြီး အထစ်အထစ်နဲ့ပြောပြီး မုဒြာ အ
နောက်ကို ကျော်ကြည့်နေသဖြင့် မုဒြာလှည့်ကြည့်လိုက် သည်။ကေသရီ မဖြစ်ပါစေနဲ့လို့ တွေးနေတဲ့ကြားက အင်္ကျီကို ကျကျနနဝတ်ပြီး ကန့်လန့်ကာနောက်မှ ထွက်လာတဲ့ ကေသရီ့ကို တွေ့လိုက်ရသည်။

' မုဒြာထဲမှာ ကောင်းကောင်းကန်းကန်းဆိုလို့ ဒီတစ်ထည် ပဲ ဝတ်ချင်စရာရှိတယ် '

' ကျွန်မအင်္ကျီတွေ ယူမဝတ်နဲ့လို့ ပြောထားတယ်လေ
ကေသရီ။ဟိုနေ့ကလည်း အထိန်းတော်ကြီးနဲ့ အထည်
သစ်တွေ ဝယ်ထားတယ် မဟုတ်ဖူးလား။ချွတ် . . . အခု
ချွတ် '

မုဒြာက ဇွတ်အတင်းလိုက်တောင်းတော့ ကေသရီက ပတ်
ပြေးသည်။ဒီဆက်ဆံရေးက အထိန်းတော်ကြီးပြောသလို ရင်းနှီးလာတယ်လို့ သတ်မှတ်လို့ရမရတော့ မုဒြာ မသိပါ။

မုဒြာထက် အသက်ကြီးလို့ ရင့်ကျက်မလား အောက်မေ့ပါတယ်။တကယ်က ကလေးထိန်းလုံးလုံးဖြစ်သွားတာကို
မုဒြာပဲ သိသည်။

' ဒီအင်္ကျီက ဘာနဲ့လုပ်ထားလို့ ဒီလောက်အသည်းအသန်
ပြန်တောင်းနေရတာလဲ မုဒြာမရဲ့ '

' သူများလက်ဆောင်ပေးထားတာမို့လို့ပေါ့ ကေသရီမရဲ့ '

' ဘာလဲ အရှင်ပေးတာမို့လို့လား '

' မဟုတ်ဘူး...ဒီပါပေးတာ '

ကေသရီက ရုတ်တရတ်ငြိမ်သွားပြီး ခုံတခုံတွင် ထိုင်လိုက် သည်။မုဒြာလည်း လိုက်ဖမ်းရလို့မောသွားပြီး ကေသရီ့
ဘေးတွင် ဝင်ထိုင်လိုက်သည်။ထို့နောက် ကေသရီက
မုဒြာကို အလေးအနက်စိုက်ကြည့်ပြီး မေးသည်။

' ဒါနဲ့ မုဒြာနဲ့မင်းသားရဲ့ ဆက်ဆံရေးက . . . '

' အင်း...ဘယ်လိုပြောရမလဲ။မုဒြာရဲ့ ပထမဦးဆုံးမိတ်
ဆွေပေါ့။သူများတွေက မုဒြာကို ဝိုင်းပယ်ထားချိန်မှာ ပေါ်လာတဲ့ ပျော်တတ်တဲ့ မင်းသားလေးပေါ့ '

ဒီပါ့ကို စတွေ့တုန်းက သရဲကြောက်တတ်တဲ့ဒီပါ့အဖြစ်ကို
ပြန်တွေးရင်း မုဒြာ ရယ်လိုက်သည်။

ကဝေပျိုရဲ့နှလုံးသားWhere stories live. Discover now