🍁Zawgyi🍁
အဲ့ဒိအချိန်တုန်းက ကေသရီ မြှားထိခဲ့တဲ့ထဘီအမြိတ်စနားက သွေးတွေကို လက်နဲ့ပွတ်သပ်ခဲ့သည်။
' ကျွန်မနားမလည်တာက မင်းသားသာ မုဒြာကို တကယ်ဂရု
စိုက်ရင် ဘာလို့ ......... 'အဲ့ဒိနောက် ဘာပြောလိုက်လဲဆိုတာ မုဒြာမမှတ်မိတော့။ပိုစဉ်း
စားလေ ခေါင်းကပိုကိုက်လေ ဖြစ်နေသည်။ကေသရီနဲ့ ဒီပါ အ
ရေးကြီးတာ တခုခုပြောခဲ့ဟန်တူသည်။မုဒြာကို မသိစေချင်တဲ့
အရာက ဘာများပါလိမ့်။' မသိတော့ဘူး ဟွန်း . . . '
မုဒြာ စိတ်ရှုပ်ပြီး ဆံပင်တွေကိုလက်နဲ့ဖွလိုက်သည်။
' ငြိမ်ငြိမ်နေပါ သခင်မလေးရယ်။အဲ့လိုခဏခဏပြန်ဖွနေရင် မိုး
ချုပ်တဲ့ထိ ခေါင်းဖြီးလို့ပြီးမှာမဟုတ်ဘူး 'အထိန်းတော်ကြီးက မုဒြာဆံပင်ကို ဖြီးလိမ်းအလှဆင်ပေးနေ
ရင်း ညည်းသည်။အဲ့ဒါထက် ကြာနီအဖွဲ့ငြိမ်နေတာကို မုဒြာ သတိထားမိသည်။
ပုံမှန်ဆို သူတို့ကို သစ္စာဖောက်တဲ့အတွက် မုဒြာကို လုပ်ကြံမယ့်
လူတွေ လွှတ်ရင်လွှတ်၊ ဒါမှမဟုတ် တနည်းနည်းနဲ့ဒုက္ခပေးရော
ပေါ့။အမတ်ကြီးသုဝဠာ ဘာတွေကြံနေပြန်ပြီလဲ မသိဘူး။' ဒါနဲ့လေ သခင်မလေး...မနက်က တံခါးမှာ သခင်မလေးဖို့ စာ
တစောင်ညှပ်ထားတာ တွေ့တယ် '' ဘယ်သူညှပ်ထားခဲ့တာလဲ အထိန်းတော်ကြီး '
' မသိဘူးလေ သခင်မလေးရဲ့၊ ကျုပ်မှ စာမဖတ်တတ်တာ . . . ဒီမှာ စာ '
အထိန်းတော်ကြီးက စာကို မုဒြာဆီ လှမ်းပေးသည်။
" ကေသရီရဲ့အလောင်းရှိတဲ့နေရာကို သိချင်ရင်
သုဝဠာရဲ့အဆောင်အောက်က မြေအောက်ခန်းကို
တစ်ယောက်တည်း လာခဲ့ပါ "မုဒြာ မျက်လုံးပြူးသွားပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
ဒီစာကို ဘယ်သူရေးလဲမသိပေမယ့် ထိုလူကတော့ ကေသရီ့
ခန္ဓာကိုယ်ရှိတဲ့နေရာကို သိနေသည်။မုဒြာ သူပြောသလို တစ်
ယောက်တည်းသွားလို့ဖြစ်ပါ့မလား။
![](https://img.wattpad.com/cover/106594011-288-k79574.jpg)
YOU ARE READING
ကဝေပျိုရဲ့နှလုံးသား
Fantasy' စုန်းမဆိုတာ ကိုယ့်ကိုယုတ်မာတဲ့လူထက် ဆယ်ဆ ... ပြန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ သတ္တဝါဆိုတာကို မေ့နေတာလား မိဖုရား ' ~မုဒြာ~ ' မုဒြာကဘယ်သူ့ကြင်ယာတော်မှ မဖြစ်စေရဘူး။မုဒြာကို ကျွန်ုပ်ပိုင်တယ်။သင်ကတော့ ဘယ်တော့မှ ပိုင်ဆိုင်မှာမဟုတ်ဘူး . . . လုံးဝပဲ မင်းသား ' ~ခ...